Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် AA နှင့်အတူလက်တွဲကြိုးပမ်းလိုကြောင်း NUG ယာယီသမ္မတ ကတိပြု

ယာယီသမ္မတသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု ဆိုသည်။

အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA)နှင့် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုပြောကြားသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီသည် NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ယာယီသမ္မတကတော် လထော်နန်တောင်တို့၏ အိမ်ထောင် သက်နှစ် (၄၀) ပြည့်မြောက်သည့် ပတ္တမြားရတုမင်္ဂလာအထိမ်းအမှတ်နေ့ မင်္ဂလာဆုမွန်သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါပေးပို့မှုအပေါ် ကျေးဇူးတင်သဝဏ်လွှာပြန်လည်ပေးပို့ရာ၌ ကတိပြုခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု ဆိုသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီ ၏ မင်္ဂလာဆုမွန်သဝဏ်လွှာတွင် ယာယီသမ္မတနှင့် ယာယီသမ္မတကတော်တို့၏ နှစ်(၄၀)ပြည့် မင်္ဂလာသက်တမ်းမှသည် နောင်နှစ်ပေါင်းများစွာအထိ မိသားစုအားလုံးနှင့်အတူ အသက်ရှည်၊ အနာကင်း၊ ကျန်းမာပြီး အမျိုးသားလွတ် မြောက်ရေးအောင်ပွဲကို ရယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...