Connect with us

Hi, what are you looking for?

သတင်း

လူသေဆုံးမှုများတဲ့ စက်ရုံပေါက်ကွဲမှု စုံစမ်းစစ်ဆေးပြီးထုတ်ပြန်မယ်လို့ ဝတပ်UWSAထုတ်ပြန်

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်
ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

စက်ရုံ​ပေါက်ကွဲမီး​လောင်ပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-Lung Jung LA N

ဧပြီ-၉၊၂၀၂၆။ထားမြတ်/People’s Spring

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်
ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

ဧပြီ ၇ရက် မွန်းလွဲပိုင်းက ယုံပန်းရွာရှိ ယမ်းသို
လှောင်ရာစက်ရုံ ပေါက်ကွဲမှုကြောင့်လူသေဆုံးထိခိုက်မှုများပြားခဲ့ပါတယ်။သေဆုံးထိခိုက် အရေအတွက် သတင်းထုတ်ပြန်ခြင်းမရှိပေမယ့် လူဦးရေ ရာချီ သေဆုံးထိခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

UWSA ရဲ့ထုတ်ပြန်ချက်မှာယုံပန်းကျေးရွာရှိဟုန်အန်း ဓာတုဗေဒစက်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ဖြစ်စဉ်ကိုအထူးအလေးထားပြီး အခင်းဖြစ်ပွားရာသို့ အရေးပေါ် တုံ့ပြန်ရေးအစီစဉ်များကို ချက်ချင်းဆောင်ရွက်ခဲ့ကာ မီးသတ်၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ကွင်းဆင်းလုပ်ဆောင်ခဲ့ဟု အသိပေးပါတယ်။

ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနများမှ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်
ဆေးမှုရလဒ်များကို အများပြည်သူသိရှိစေရန် အချိန်နဲ့ တပြေးညီ ကြေညာသွားမှာ ဖြစ်ကြောင်း ဖော်ပြါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့အခင်းဖြစ်ပွားရာ နေရာအားချိတ်ပိတ်ထားပြီဖြစ်လို့ ဘေးပတ်ဝန်းကျင် လုံခြုံမှုရှိတဲ့ အနေအထားသို့ရောက်ရှိမှ ပြည်သူအားလုံး ပုံမှန်အတိုင်း လှုပ်ရှားနေထိုင်သွားလာကြဖို့၊ မထိတ်လန့်ကြဖို့၊ကောလဟာလသတင်းများဖြန့်ဝေခြင်းမပြုဖို့၀တပ်ဖွဲ့ကအသိပေးထားပါတယ်။

ဒါ့အပြင် မလိုအပ်သော ထိတ်လန့်စိုးရိမ်မှု မဖြစ်ပေါ်စေရေးအတွက် ပေါက်ကွဲမှုဆိုင်ရာအချက်အလက်များကို သက်ဆိုင်ရာဌာနများရဲ့ ကြေ
ညာချက်များသာ အတည်ပြုဖို့လည်း ထုတ်ပြန်ပါတယ်။

ဖြတ်သန်းသွားလာတဲ့ယာဉ်တွေအနေနဲ့ ကယ်ဆယ်ရေးလမ်းကြောင်းကို ဦးစားပေးရမယ်လို့လည်း၀တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။