ဧပြီ – ၁၃ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသရှိ စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ(၇)က ဒီနေ့ ဧပြီလ(၁၃)ရက်နေ့မှာ တိုက်ယူလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် က စစ်တပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ကြယ်ပြောင်စခန်းကုန်း ကို ဧပြီလပထမအပတ်မှာ KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ စခန်းကို အပြီးသတ် သိမ်းနိုင်လိုက်တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကြယ်ပြောင်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေ ထွက် ပြေးသွားပြီး စခန်းကျသွားတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement
ကြယ်ပြောင်စခန်းကုန်းဟာ နယ်စပ်ဒေသစိုးမိုးရေးအတွက် အချက်အချာကြတဲ့ စခန်းတစ်ခုဖြစ်ပြီး KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ၊ မယ်သဝေါဒေသမှာရှိတာပါ။
အခုတော့ မဲသဝါဒေသမှာ စစ်ကောင်စီတပ်စခန်းတစ်ခုသာ ကျန်တော့တယ်လို့သိရပါတယ်။


















































