Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ ပထမဆုံးအစည်းအဝေး ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၃၀ရက်မှာ ကောင်စီဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ကောင်စီရဲ့ ၁/၂၀၂၆ အစည်းအဝေးသို့ မဟာဗျူဟာနဲ့ မူဝါဒ ရေးရာ ဦးဆောင်အဖွဲ့ ခေါင်းဆောင်တွေ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ ဥက္ကဋ္ဌ ခူဦးရယ်က အစည်းအဝေး သဘာပတိအဖြစ်တာဝန်ယူခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ခေါင်းဆောင်များကကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာဦးဆောင်ကောင်စီအတွင်းရေးမှူးအဖွဲရဲ့ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြတာ၊ ဒီကနေ့ ညနေပိုင်းမှာ ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေးတာ၊ ရှေ့လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတာ တွေလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆွေးနွေးညှိနှိုင်းတဲ့ အကြောင်းအရာ အသေးစိတ်ကို ဖော်ပြမထားပေမယ့် အတည်ပြုခြင်း (၅) ရပ်၊ မှတ်တမ်းတင်ခြင်း (၄) ရပ် နဲ့ ရှေ့လုပ်ငန်းစဥ် (၃) ရပ် တို့ကို သဘောတူချမှတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံတွေအရ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အစိုးရအဖွဲ့ဝင်များ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ တာဝန်ရှိသူများ၊ ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီး စုဖွဲ့ခဲ့တာဖြစ်ကြောင်းကောင်စီခေါင်းဆောင်တွေက ပြောထားပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းတာဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ရည်ရွယ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

Facebook