Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ဝက်လက်က ကျေးရွာ ၃ရွာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသားတစ်ဦး သေဆုံး

ဓာတ်ပုံ-ပေးပို့

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“လေယာဉ်၂စီးနဲ့ ပတ်ကြဲသွားတာ။အရာတော်ဘက်က တိုက်ပွဲကို ဒီဘက်ကနေရဲဘော်တွေသွားတယ်ထင်လို့ ရွာ တွေကို ပစ်မှတ်ထားတိုက်သွားတာဖြစ်နိုင်တယ်။ဒီရွာတွေက စစ်ကိုင်း၊ဝက်လက်၊အရာတော်မြို့နယ်သုံးခု အစပ်က နေရာ တွေဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခံရမှုမှာ ရွှေစည်းခုံရွာက လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား၂ဦးအပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဝက်လက်မြို့နယ်နဲ့ကပ်လျက် အရာ တော်မြို့နယ်ကိုလည်း စစ်တပ်က ဂျက်ဖိုက်တာ၊ Paramoter ၊ဂျိုင်ရယ်ကော်ပတာ တွေနဲ့ ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်က ဝက်လက်နဲ့ ရွှေဘိုမြို့နယ်ကြားကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါ​သေးတယ်။

သင်္ကြန်အကြိုနေ့မှာလည်း စစ်တပ်က ရွှေဘိုမြို့နယ်အနောက်ခြမ်းက ဆိပ်ခွန်ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းက နေဗုံးကြဲချခဲ့တာမို့ သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook