Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာနှစ်ခြမ်းကို မှတ်တမ်းတင်ထားတဲ့ရုပ်သံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ၊ကန်သာယာက​ စစ်ကောင်စီရဲ့ ​ရေကစားမဏ္ဍပ်တွေအောက် လူတွေကခုန်နေချိန် ကောင်းကင်မှာ ဂျွိုင်ရိုကော်ပတာတစ်စီး ကရွာ​တွေဘက်ကို ဗုံးသွားကြဲဖို့ဖြတ်သန်းသွားတဲ့ရု​ပ်သံမှတ်တမ်းကို ​ဒေသခံအချို့က မှမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ၊ကန်သာယာက​ စစ်ကောင်စီရဲ့ ​ရေကစားမဏ္ဍပ်တွေအောက် လူတွေကခုန်နေချိန် ကောင်းကင်မှာ ဂျွိုင်ရိုကော်ပတာတစ်စီး ကရွာ​တွေဘက်ကို ဗုံးသွားကြဲဖို့ဖြတ်သန်းသွားတဲ့ရု​ပ်သံမှတ်တမ်းကို ​ဒေသခံအချို့က မှမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဧပြီ ၂၀၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ၊ကန်သာယာက​ စစ်ကောင်စီရဲ့ ​ရေကစားမဏ္ဍပ်တွေအောက် လူတွေကခုန်နေချိန် ကောင်းကင်မှာ ဂျွိုင်ရိုကော်ပတာတစ်စီး ကရွာ​တွေဘက်ကို ဗုံးသွားကြဲဖို့ဖြတ်သန်းသွားတဲ့ရု​ပ်သံမှတ်တမ်းကို ​ဒေသခံအချို့က မှမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက မုံရွာမြို့ ကန်သာယာက မဏ္ဍပ်မှာ လူတွေစည်ကားပြီး ကခုန်နေချိန် ကောင်းကင်မှာ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့အတွက် ဖြတ်သန်းသွားတဲ့ ဂျိုင်ရိုကော်ပတာ တစ်စီးကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့တာပါ။

အဆိုပါ ရုပ်သံဖိုင်ကို မုံရွာမြို့နယ်က Monywa Nightking အဖွဲ့က “ခင်ဗျားတို့ သက်ရှိငရဲကို မြင်ဖူးလား။ ကျွန်တော်တို့တော့ မြင်ဖူးရုံမဟုတ် လက်ရှိကို တွေ့ကြုံခံစားနေရတာ။ သင်္ကြန်ကာလ မုံရွာကန်သာယာမှာ ပျော်ရွှင်နေတဲ့ပြည်သူတွေပေါ် ဖြတ်ပျံသွားတဲ့ ဂျွိုင်ရိုက မုံရွာမြို့တနေရာက ပြည်သူတွေကို ​airstrikeလုပ်ဖို့ ဖြတ်သွားတဲ့အချိိန်မှာပေါ့”လို့ ရေးသားဝေမျှထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာနှစ်ခြမ်းဆိုတာ ဒါပဲ။ အောက်က မုံရွာကန်သာယာ ရေကစားမဏ္ဍပ်မှာပျော်နေကြတယ်။ အပေါ်ကတော့ နယ်ဘက်ကပြည်သူတွေကို ဗုံးပတ်ကြဲနေတဲ့ ဂျွိုင်ရိုကော်ပတာ။”လို့ မုံရွာနယ်အခြေစိုက် တော်လှန်ရေးရဲဘော် ဆက်ကောင်းစံက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဲဒီရုပ်သံဟာ သင်္ကြန်ဘယ်နေ့က ရိုက်ကူးခဲ့တယ်ဆိုတာကို​တော့မသိရသေးပါဘူး။ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး အခြားပြည်သူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆေးရုံရောက်မှ ထပ်တိုးသေဆုံးသူတွေလည်း ရှိနေပြီး အရေအတွက် အတိအကျ မသိရသေးပါဘူး။

“အဲ့ ဂျိုင်ရို သူတို့အပေါ် အဲ့လောက်နိမ့်နိမ့်လေး ပျံပြသွားတော့ ဘယ်လိုခံစားရလဲ သိချင်လိုက်တာဗျာ ။နယ်က ပြည်သူတွေမှာတော့”လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ်၊

အခြားပြည်သူတဦးကလည်း”ကမ္ဘာကြီးတခြမ်းထဲက တမြို့ထဲမှာဖြစ်နေတဲ့အဖြစ်အပျက်တွေပါ”လို့ မှတ်ချက်ပြုပါတယ်။

အဲရုပ်သံမှတ်တမ်းကြည့်ရှုသူအများစုက စစ်တပ်သင်္ကြန်မှာ​ စစ်တပ်မဏ္ဍပ်မှာပျော်မြူးကခုန်ခဲ့သူ​​တွေကို ​ဝေဖန်​နေကြတာ​တွေ့ရပါတယ်၊

“လူတွေဟာ ကိုယ့်မိသားစု ကိုယ့်စီးပွါးရေးကို မထိခိုက်သမျှ နေသာသလိုနေနေကြတာပဲ အသုဘဆိုပေမဲ့ဖဲနိုင်တဲ့ကောင်ကတော့ ပျော်နေတာပဲမဟုတ်လား ။ဒီလို ကျွန်စိတ်ရှိကြတဲ့လူမျိုးနဲ့ကတော့ ဒီလို ဉာဏ်ရည်နိမ့်ပါးသူတွေ အုပ်ချုပ်ခံရတာ အဆန်းတော့မဟုတ်ဘူးပေါ့လေ ဝဋ်ရှိသလောက် ခံကြပေါ့ ၊ကိုယ့်အိမ်ပေါ် ဒုက္ခတွေကျမှ မှတ်ကြမဲ့သူတွေ…….”လို့ပြည်သူတဦးက​ပြောပါတယ်။

စစ်တပ်က ဒီနှစ် သင်္ကြန်ကို စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာစည်ကား​အောင်လုပ်ခိုင်းပြီး တချိန်တည်းမှာ ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသက ​ကျေးရွာ​တွေကို ဗုံးကြဲတာ ၊စစ်​ကြောင်းထိုး အကြမ်းဖက်တာ​တွေဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒါ့အပြင်ဧပြီ ၁၄ ရက်(သင်္ကြန်အကျနေ့ )ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀) ဝန်းကျင်ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အလားတူ သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

သင်္ကြန်တွင်းမှာ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်ပွဲကို စည်ကားအောင်ပြုလုပ်နေပေမဲ့ တော်လှန်ဒေသအသီးသီးက ကျေးရွာတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့​ကြောင့်ပြည်သူအများအပြား​သေဆုံးခဲ့ပါတယ်။

စစ်တပ်ကအခု​နောက်ပိုင်းဂျိုင်ရို ​​ကော်ပတာနဲ့ဗုံးကြဲတာ​တွေကို ပိုလုပ်လာ​နေပါတယ်။

ရုပ်သံ-Set Kaing San

https://www.facebook.com/reel/2693860597667226

ဆက်စပ်သတင်းများ