ဧပြီ-၂၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီး ဈေးတန်းကို စစ်တပ်ကဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ဆီဘောက်ဆာကားအချို့ မီးလောင်နေပါတယ်။
ဒီနေ့ ဧပြီ ၂၁ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်ကနေ ၁၂နာရီ၄၀မိနစ်အတွင်း ဗုံး၅လုံး ကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဆီဘောက်ဆားအချို့မီးလောင်နေပြီး ၁နာရီ၄၅မိနစ်အထိ ရရှိထားတဲ့သတင်းအရ လူ ၃ဦး ဒဏ်ရာရထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ဖေဖော်ဝါရီမှာ တိုက်ခိုက်ပြီး နယ်မြေကိုထိန်းချုပ်ခဲ့တာပါ။
ရေဦး-ကလေးဝလမ်းပိုင်းမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတဲ့ ကံထူးမရွာကို စစ်တပ်က ပစ်မှတ်ထားပြီး မကြာခဏ ဗုံးကြဲနေပါတယ်။
ထပ်မံရရှိတဲ့သတင်းတွေအရကံထူးမရွာကို လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်ငါးဦး၊အရပ်သားတစ်ဦးဒဏ်ရာရရှိပြီး ရဲဘော်တစ်ဦးဟာ ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒီနေ့ညနေ ၂နာရီ၅၁မိနစ်မှာ စစ်တပ်က နောက်ထပ်တစ်ကြိမ် လေကြောင်းကနေဗုံးလာကြဲသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
လေကြောင်းအန္တရာယ်ဆက်လက်သတိပြုကြဖို့ ဒေသခံတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၅စက်တင်ဘာ၂၆ရက်ကလည်းကံထူးမရွာကို စစ်တပ်က ဗုံးကြဲလို့ ဆီဘောက်ဆာကားတွေ မီးလောင်ပြီး အရပ်သား ၈ဦးသေဆုံး၊ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။























































