Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကစစ်ရေးပဋိပက္ခတွေကထိုင်းပိုင်နက်ထဲကူးစက်လာလို့မရကြောင်းထိုင်းဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံဖက်ခြမ်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ထိုင်းနယ်စပ်ဖက်ကို ဖြတ်ကျော် ဝင်ရောက်လာလို့ မရကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်။ဓါတ်ပုံ-ထိုင်းဝန်ကြီးချုပ်ရုံး

ဧပြီ-၂၃၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံဖက်ခြမ်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ထိုင်းနယ်စပ်ဖက်ကို ဖြတ်ကျော် ဝင်ရောက်လာလို့ မရကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားလိုက်ပါတယ်။

မြန်မာဖက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက နယ်စပ်နားမှာရှိနေတဲ့ထိုင်းလူ့အဖွဲ့အစည်းတွေကို သက်ရောက် ထိခိုက်လာမှာ အထူးစိုးရိမ်ကြောင်း ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဖြစ်တဲ့ အနူတင်က ဧပြီ ၂၂ ရက်နေ့၊အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးမှာ ပြောဆိုသွားတာပါ။

အနူတင်ဟာနယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ အမိန့်အသစ်တချို့ကိုလည်း ထုတ်ပြန်ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ရှုထောင့်ပေါင်းစုံကနေ စိုးရိမ်စရာတွေ ရှိနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ လမ်းကြောင်းချော်ကျရောက်လာတဲ့ ကျည်ဆန်တွေကြောင့် ထိုင်းပြည်သူတွေ ထိခိုက်ခံစားနေရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးတဲ့အခါ အနူတင်က သံတမန်ရေးအရရော၊ လူထု လုံခြုံရေး အစီအမံတွေအရပါ ဖြစ်နိုင်သမျှ လမ်းကြောင်း အားလုံးကနေ သင့်တော်သလို တုံ့ပြန်နေတယ်လို့ ဖြေကြားသွားပါတယ်။

မြန်မာဖက်က အာဏာပိုင်တွေကလည်း အဲဒီ ကိစ္စတွေဟာ ပြည်တွင်းရေး ပဋိပက္ခ သက်သက်နဲ့သာ ဆက်နွှယ်ပြီး ထိုင်းပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ ရန်လို ထိပါးတဲ့သဘော မဟုတ်ကြောင်း ဖြေရှင်းထားတယ်လို့ အနူတင်က ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလောက်နဲ့တင် မလုံလောက်ကြောင်း၊ ထိုင်းအနေနဲ့လည်း လက်မခံနိုင်ကြောင်း၊ တိုက်ပွဲတွေ ဖြစ်မယ်ဆိုရင် ကိုယ့်နယ်မြေဖက်မှာပဲ ကိုယ့်ဖာသာဖြစ်ဖို့လိုကြောင်း၊ထိုင်းနိုင်ငံကိုသက်ရောက်ထိခိုက်လို့ မရကြောင်း သူက ဆက်ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့တုန်းကအာဏာသိမ်းမြန်မာစစတပ်ဟာ ကရင် အမျိုးသား အစည်းအရုံး (KNU)နဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း Yak-130နဲ့ MiG-29 တိုက်လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်မှတ်ဟာ ထိုင်းနယ်စပ်ကနေ မီတာ ၅၀၀ လောက် အကွာမှာ တည်ရှိတဲ့ KNUရဲ့ ဆေးရုံတစ်ခုနဲ့ အနီးတဝိုက် လူနေအိမ်ခြေတွေ ဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။

တိုက်လေယာဉ်တွေက ကြဲချတဲ့ ဗုံးတစ်လုံးဟာ သံလွင်မြစ် တစ်ဖက်ခြမ်း၊ ထိုင်းပိုင်နက်ထဲက ဘန်မယ်ဝေကျေးရွာထဲကျရောက်ခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရတယ်လို့လည်း ထိုင်းသတင်းဌာန​တွေက​ပြောပါတယ်။

အခြားသတင်းတစ်ရပ်မှာ ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ် ၊ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဆီဟာဆက်ခ် ဖုန်က်​ကောင်ဟာ အာဏာသိမ်း​ခေါင်း​​ဆောင်မင်း​အောင်လှိုင်နဲ့​တွေ့ဆုံဖို့အတွက် ဒီက​နေ့(ဧပြီ ၂၃)မှာ​နေပြည်​တော်ကို​ရောက်ရှိ​နေပြီလို့ Thai PBS သတင်းဌာနက​ဖော်ပြပါတယ် ။ အာဏာသိမ်း​ခေါင်း​ဆောင်က သူ့ကိုယ်ကိုယ် သမ္မတလို့ခန့်အပ်ပြီး​နောက် မင်း​အောင်လှိုင်ရဲ့အစိုးရနဲ့ ထိုင်းနိုင်ငံခြား​​ရေးဝန်ကြီးဟာ ပထမဆုံးသွားရောက်​တွေ့ဆုံတာဖြစ်လာပါတယ် ​။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ