ဧပြီ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
တကောင်းမြို့ကိုပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်စစ်ကြောင်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က သေဆုံးသူတွေရှိသလို သုံ့ပန်းအချို့ကိုလည်းဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့မတ်လမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက် မြို့ထဲနဲ့ မြို့နယ်ပတ်ဝန်းကျင်မှာ စစ်တပ်စစ်ကြောင်းတွေတပ်စွဲထားတာပါ။
PDF တွေကဧပြီလ ၁၇ရက်နေ့မှာ စစ်သားတွေကိုပျောက်ကျားစစ်ဗျူဟာနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စစ်သားအချို့ကိုစစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ PDFတဦးကပြောပါတယ်။

Public Service Announcement
၁၀၂၇ စစ်ဆင်ရေးနဲ့အတူဖော်ဆောင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ၂၀၂၄ သြဂုတ် ၁၁ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ် ။စစ်တပ်က တရုတ်နဲ့ ရုရှားအကူအညီ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို အဓမ္မစစ်သားသစ်စုဆောင်းပြီး ၂၀၂၅ ကစတန်ပြန်ထိုးစစ်ဆင်ခဲ့ရာမှာ တကောင်းမြို့ကိုလည်း ပြီးခဲ့တဲ့မတ်လမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။PDF ၊ပကဖ နဲ့တော်လှန်ရေးတပ်တွေ တစ်နှစ်ခွဲကျော်ထိန်းချုပ်ထားတဲ့ တကောင်းမြို့ကိုပြန်လက်လွတ်ခဲ့ရပါတယ်။
PDFနဲ့မဟာမိတ်တွေက ဆုတ်ခွာခဲ့ချိန်မှာ စစ်တပ်စစ်ကြောင်းတွေက နေရာယူထားပါတယ်။အဲဒီစစ်ကြောင်းတွေကို PDF တွေက ပျောက်ကြားစစ်ဗျူဟာနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ေးစစ်ကြောင်းနဲ့ PDF ထိပ်တိုက်တွေ့ပြီး ချတာ။လက်နက်တော့မရလိုက်ဘူး” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။
တကောင်းမြို့ပေါ်လက်ရှိအခြေအနေနဲ့ပတ်သက်လို့မြို့ခံတစ်ဦးက”မြို့ကိုတော့မမွှေသေးဘူး။ အလင်းဝင်အောင်မက်လုံးပေးပြီးစည်းရုံးနေတယ်။ ပြီးရင်တော့ လိုက်ဖမ်းလိမ့်မယ်။ တကောင်းကို သူတို့ ထိန်းထားပေမယ့် ပြောက်ကျားတိုက်ပွဲရှိနေတယ်။ သူတို့အပြည့်အဝ မထိန်းနိုင်သေးပါဘူး” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
တကောင်းမြို့ဟာ မန္တလေးတိုင်းထဲမှာပါဝင်ပြီး စစ်ကိုင်းတိုင်းထဲကထီးချိုင့်မြို့နဲ့ဆက်စပ်နေပါတယ်။ထီးချိုင့်မြို့ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့အင်းတော်မြို့နဲ့ဆက်စပ်နေပါတယ်။စစ်တပ်စစ်ကြောင်းတွေကအင်းတော်မြို့ဘက်ကိုလည်း တပ်ဖြန့်ထားပြီး မြို့နယ်အတွင်းနဲ့အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ဒေသခံတွေကို အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးချက်ထုတ်ပြန််ထားပါတယ်။

















































