Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်က စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲ၊ ကျောင်း‌သား၊ကျောင်းသူနဲ့ ဆရာမ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မုဆိုးခြုံကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်း‌သား၊ကျောင်းသူတွေနဲ့ ဆရာမတွေ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက ဝက်လက်မြို့နယ်က စာသင်ကျောင်း ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

ဧပြီ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မုဆိုးခြုံကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်း‌သား၊ကျောင်းသူတွေနဲ့ ဆရာမတွေ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၃ ရက် မနက် ၁၁နာရီခန့်မှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းသား သုံးဦး၊ ကျောင်းသူခုနစ်ဦး၊ဆရာမ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးရဲ့အခြေအနေကစိုးရိမ်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။။

Public Service Announcement

Public Service Announcement

” စာသင်ကျောင်းဟာ စစ်ရေးပစ်မှတ်မဟုတ်ပါဘူး ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အရပ်သားအစိုးရပုံစံပြောင်းသွားပေမဲ့ ကျောင်းသားပြည်သူတွေကို နည်းလမ်းမျိုးစုံ ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေတုန်းပါပဲ “လို့ အညာဒေသမှာစစ်ဘေးရှောင်တွေကိုအကူအညီပေးနေသူတစ်ဉီးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ယခုရက်ပိုင်းမှာ နေပြည်တော်နဲ့ရန်ကုန်တိုင်းကလွဲလို့ ကျန်တဲ့ဒေသတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဒရုန်းအသုံးပြုဗုံးကြဲမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ