Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာနေကြောင်း သက်သေပြပေးဖို့ ပခုက္ကူဒေသခံတွေ တောင်းဆိုဆန္ဒပြ

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းမှာ ဒေသခံပြည်သူတွေပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် Proof of life လှုပ်ရှားမှုကို ဒီကနေ့(ဧပြီ ၂၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ-၂၃၊၂၀၂၆။ သုည/People’s Spring

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းမှာ ဒေသခံပြည်သူတွေပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် Proof of life လှုပ်ရှားမှုကို ဒီကနေ့(ဧပြီ ၂၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

Proof of life လှုပ်ရှားမှုကို ဒေသခံပြည်သူတွေနဲ့အတူ စုပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံပြည်သူတွေဟာ “Proof of Life” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ကိုင်ဆောင်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း၊ ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးပါ လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်လိုက်ကြောင်း All in One Piece Movement က ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ပခုက္ကူလူထုတိုက်ပွဲကော်မတီ

ဆက်စပ်သတင်းများ