ဧပြီ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဖားကန့်မှာ အာဏာသိမ်းစစ်တပ် နဲ့ KIA၊KPDF ဟာ လက်နက်ကြီးနဲ့ဒရုန်းတွေအဓိကသုံးပြီးတိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
လုံးခင်းဂေါက်ကွင်းအနီးရောက်ရှိနေတဲ့စစ်ကြောင်းနဲ့ ဒေသအခေါ် မျောခြံမှာ တပ်စွဲထားတဲ့စစ်ကြောင်းကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲခဲ့တာမှာ အထိနာခဲ့တာပါ။ အဲ့ဒီတိုကိုက်မှု နှစ်ကြိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာမှာဆေးရုံကုန်းအနီးကျရောက်ပြီး အရပ်သား သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဖားကန့်မှာဧပြီလ၂ရက်က စတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။စစ်တပ်ကအရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှု တွေလည်းရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း စစ်ကောင်စီကတပ်စွဲထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေကအရပ်သားတွေကိုဖမ်းဆီးတဲ့အပြင် Mai ဆေးရုံလို့လူသိများတဲ့ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုဧပြီလ ၂၁ရက်နေ့မှာ ဖမ်းဆီးသွားပါတယ်။၊ပြီ ၂၃ ရက်နေ့အထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်တွေကဧပြီလ ၁၃ရက်နေ့က PDFရဲဘော်တစ်ဦး အရပ်သား သုံးဦးကို သတ်ဖြတ်ပြီး အများပြည်သူသွားလာနေတဲ့နေရာမှာ အလောင်းစွန့်ပစ်ခဲ့သလို ဧပြီ ၂၂ ရက်ကလည်း အရပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို လုံးခင်းကျေးရွာ လမ်းမတစ်နေရာမှာ စွန့်ပစ်သွားတယ်လို့သတင်းရရှိပါတယ်။
လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက အကာအကွယ်ယူ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။
ဒါအပြင်စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ်။


















































