Connect with us

Hi, what are you looking for?

သတင်း

ရွှေကူက စစ်တပ်စခန်းတစ်ခု KIAသိမ်းပိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်ကောင်စီ တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဧပြီ ၂၃ရက် မနေ့က ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(KIA၊KPDFပူးပေါင်းတပ်က ရဲဘော်တွေကို စစ်မျက်နှာပြင် တနေရာမှာ တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

ဧပြီ ၂၄၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်ကောင်စီ တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဧပြီ ၂၃ရက် မနေ့က ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ရွှေကူမြို့ ၅လမ်းဆုံက စစ်ကောင်စီရဲ့တပ်စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့လည်း အသိပေးပါတယ်။

” သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး ဧပြီ ၂၃ရက်ညနေမှာ သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်တွေ ရွှေကူမြို့ဘက် ဆုတ်ခွာသွားတယ်။ လက်နက်ခဲယမ်းတွေရတယ်”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၁၁) နယ်မြေဖြစ်တဲ့ ရွှေကူဒေသကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ KIA သတင်းပြန်ကြားရေးဌာနက ဧပြီ ၂၂ရက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်က ခလရ(၅၆) ၊ ခမရ(၆၀၂)၊ တပ်မ (၈၈) လက်အောက်ခံ ခလရ(၃၇၈)တပ်ရင်းနဲ့ (၄၁၆)တပ်ရင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ရေးလှုပ်ရှားလာတဲ့အပေါ် KIA တပ်မဟာ(၁၁) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းနိုင်မှုအပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေတွေ မေးမြန်းဖို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

အခု ဧပြီအတွင်းမှာ KIAနဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို တပ်မဟာ(၁၄)နယ်မြေ ဟူးကောင်းဒေသမှာလည်း စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နဲ့ KIA အကြားတိုက်ပွဲတွေရှိခဲ့ပါတယ်။ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ရဲ့ စခန်းအချို့ကိုလည်း KIA တပ်မဟာ(၂)တပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ