ဧပြီ-၂၄၊၂၀၂၆။ သုည/People’s Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး (Blue Shirt) အပြာရောင်ကမ်ပိန်းလှုပ်ရှားမှုကို ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း Myanmar Unity Movement မှ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို အောက်မေ့အမှတ်ရခြင်းနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။
ဗြိတိန်ရောက် မြန်မာနိုင်ငံသားနဲ့ တိုင်းရင်းသားပြည်သူတွေက “ငါတို့ အမေ ငါတို့ပိုင်တယ်၊ ငါတို့ပြန်ပေး၊ ငါတို့ အမေကို ရအောင်ပြန်ယူမယ်” ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်း (ခ) ကင်မ် ဦးဆောင်ပြုလုပ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေသေးတာကို သက်သေပြပေးဖို့အတွက် တောင်းဆိုတဲ့ “PROOF of LIFE” ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော် ဧပြီ-၂၄၊၂၀၂၆။ သုည/People's…
Posted by People's Spring on Friday 24 April 2026
ရုပ်သံ – Myanmar Unity Movement


















































