Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု အကြီးစားကြောင့် ယူကရိန်းမှာ ၁၀ ဦးထက်မနည်း သေဆုံး

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု အကြီးစား တစ်ခုကြောင့် ယူကရိန်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု အကြီးစား တစ်ခုကြောင့် ယူကရိန်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၂၄ ရက် ညပိုင်းနဲ့ ၂၅ ရက် မနက်အစောပိုင်းတွေတုန်းက ရုရှားဟာ ယူကရိန်း အနှံ့ကို ဒရုန်းပေါင်း ၆၁၉ စီးနဲ့ ဒုံးကျည် ၄၇ စင်းကို ဖြန့်ကျက် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက ဒရုန်း ၅၈၀ နဲ့ ဒုံးကျည် ၃၀ ကိုတော့ ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း လေတပ်က ပြောပါတယ်။

ကျန်တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကတော့ ယူကရိန်း အနှံ့က မြို့တချို့ကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒီနီပရို မြို့မှာတော့ လူ ၅ ဦး သေဆုံးပြီး ချာနီဟစ်ဗ် ဒေသထဲမှာ ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ လူဟန့်စ်ခ် ပြည်နယ်ထဲမှာလည်း သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ရုရှားရဲ့ လုပ်နည်းလုပ်ဟန်တွေက မပြောင်းလဲကြောင်း၊ ဒရုန်းတွေ၊ ခရုစ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ ပုံအော အသုံးပြု တိုက်ခိုက်လေ့ရှိကြောင်း၊ ပြီးတော့ ပစ်မှတ် အများစုဟာ မြို့ကြီးတွေထဲက အရပ်ဖက် အခြေခံ အဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ ဓာတ်အားပေး ယူနစ်တွေသာဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လူမှုကွန်ရက်ပေါ်မှာ ဝေဖန် ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ တိုက်ခိုက်မှု အတိုင်းအတာက ကြီးမားလွန်းတာကြောင့် ယူကရိန်းနိုင်ငံ အနောက်တောင်ပိုင်းနဲ့ ထိစပ်နေပြီး NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားမှာ ဗြိတိန် တိုက်လေယာဉ် နှစ်စီး အရေးပေါ် ပျံတက်ပြီး လုံခြုံရေးအတွက် ကင်းလှည့် ပျံသန်းခဲ့ရပါတယ်။

Eurofighter Typhoon တိုက်လေယာဉ် နှစ်စီးဟာ ရိုမေးနီးယား လေတပ်စခန်း နှစ်ခုကနေ ပျံတက်ခဲ့ပြီး ရုရှား ဒရုန်းတွေရဲ့ ပျံသန်းမှုတွေကို ရေဒါနဲ့ ခြေရာခံ စောင့်ကြည့်ခဲ့ကြောင်း၊ နယ်ကျော်လာတဲ့ ဒရုန်းတွေကို ပစ်ချဖို့ပါ လေယာဉ်မှူးတွေကို ခွင့်ပြုပေးထားခဲ့ကြောင်း ဗြိတိန် တော်ဝင်လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရိုမေးနီးယားရဲ့ ဂါလာတီ မြို့နားမှာ ရုရှားက ပိုင်ဆိုင်တာလို့ ယူဆရတဲ့ ဒရုန်းတစ်စီး ပျက်ကျထားတဲ့ အပျက်အစီးတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒရုန်းကို ဗြိတိန် တိုက်လေယာဉ်တွေက ပစ်ချခဲ့တာတော့ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Sky

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။