− ဒေါ်အောင်ဆန်းစုကြည်
(ဇန်နဝါရီ -၁ ၊၂၀၂၁ နှစ်သစ်အမှာစကား )
ဧပြီ – ၂၈ ၊၂၀၂၆/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာ သက်သေပြပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။
အာဏာသိမ်းအစောပိုင်းကာလမှာ တရားခွင်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ဓာတ်ပုံတစ်ပုံကို သာ စစ်တပ်က ထုတ်ပြခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းကိုလုံးဝအမှောင်ချထားပါတယ်။

Public Service Announcement
အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူတို့က ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေတယ်လို့ ပြောပေမယ့် ယုံကြည်နိုင်လောက်ပြီး ခိုင်မာအားကောင်းတဲ့ သက်သေအထောက်အထား ထုတ်ပြတာမျိုးမရှိပါဘူး။
"သတိရှိပါ၊ သည်းခံကြပါ ၊အနာဂတ်ကို ရှေးရှုပြီးအားတင်းထားကြပါ" ▪︎ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ -၁ ၊၂၀၂၁ နှစ်သစ်အမှာစကား )…
Posted by People's Spring on Tuesday 28 April 2026
အခုတော့ အချိန်ကာလ ငါးနှစ်ကျော် လာပါပြီ။ စစ်အုပ်စုရဲ့ အကျဉ်းချတာကိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံ ၊ ဓာတ်ပုံ ၊ ရုပ်သံ တို့ကိုလူထုက မတွေ့ ၊မမြင်ရတာလည်းကြာပါပြီ။ စစ်တပ်ဟာ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်တဲ့အနေနဲ့ အာဇာနည်နေ့အခမ်းအနားတောင်ပေးမတက်ပါဘူး။
စစ်အုပ်စုရဲ့အာဏာသိမ်းမှုအောက်မှာ အဘက်ဘက်က အကျပ်အတည်း ရင်ဆိုင်နေရတဲ့ မြန်မာ ပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ဦး ရဲ့ အုပ်ချုပ်မှုကာလကို တမ်းတမိကြပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဆိုးကြီးကို ရင်ဆိုင်ရချိန်က လူထုကို အတူတကွ ဖြတ်သန်း နိုင်အောင်ခေါင်း
ဆောင်မှု ပေးခဲ့တာတွေ သတိရနေသူတွေအများစုရှိနေတာပါ။
ဒါကြောင့် အာဏာမသိမ်းခင် လပိုင်းအလို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ကနေ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူထုဆီ အစီရင်ခံတဲ့ ကိုဗစ်အခြေအနေ အသိပေးတင်ပြချက် နဲ့ ကိုဗစ်ထိန်းချုပ်ရေး စကားဝိုင်းတွေထဲက အချို့ကို People’s Spring က ရွေးချယ်တင်ဆက်လိုက်ပါတယ်


















































