Connect with us

Hi, what are you looking for?

သတင်း

ဝေါ​လေဗျူဟာမှာတိုက်ပွဲပြင်းထန်စဥ်ထိုင်း F-16 တိုက်​လေယာဥ်​တွေနယ်စပ်မှပျံသန်း ၊စစ်တပ်ကနယ်စပ်မှာ ဗုံးဆက်ကြဲ

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

ဧပြီ-၂၉၊၂၀၂၆။နွေဦး/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ဝေါ်လေဗျူဟာကုန်းစခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်​နေတာ ဖြစ်ပါတယ်။

လက်တလောမှာ တိုက်ပွဲရက်ဆက်ပြင်းထန်နေပြီး ကုန်း​ကြောင်းက​နေ စစ်ကူပို့မရ​တော့တဲ့စစ်တပ်က လေကြောင်းကနေ အသည်းအသန်ပစ်ကူပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

KNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​မှုကြောင့် ဝေါ်လေဗျူဟာတပ်စခန်းက စစ်သားတွေ သေဆုံး ထိခိုက်သူများနေလို့ စစ်တပ်က ဧပြီ ၂၇ရက် တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲ ပစ်ကူပေးခဲ့တာလို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဧပြီ ၂၈ရက်မှာလည်း စစ်တပ်က ဝေါ်လေဗျူဟာကုန်းအနီးဝန်းကျင်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၉ မနက်မှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေတာ​ကြောင့် ဝေါ်လေ‌ဗျူဟာကုန်း နဲ့ တိ့သဲလယ် စခန်းရဲ့မျက်နှာချင်းဆိုင်ထိုင်းနိုင်ငံ ဘက်ခြမ်းမှာရှိတဲ့ ဖုတ်ဖရဒေသကို ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂ စင်းနဲ့ ထိုင်းအချိန် မနက် ၁၁ နာရီ ၁၀ မိနစ် (မြန်မာစံ​တော်ချိန် (၁၀ နာရီ ၄၀မိနစ်)မှာ ကင်းလှည့်နေစဉ် အာဏာသိမ်းစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းတိုက်​လေယာဥ်​တွေက နယ်စပ်ထိုင်း​လေပိုင်နက်မှာ ပျံသန်း​​ပေးတာ​ကြောင့် ​နယ်စပ်ကဒေသခံထိုင်းပြည်သူ​တွေ စိတ်လုံခြုံမှုရ​စေတယ်လို့ ထိုင်းပြည်သူအချို့က​ရေးထားပါတယ်။

ဝေါ်လေဗျူဟာရဲ့ ကာကင်းစခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းဆည်းထားပါတယ်။

စစ်တပ်ကဝေါ်လေဗျူဟာကို မြဝတီဘက်က​​နေစစ်ကူပို့နိုင်ဖို့ ကြိုးစား​ပေမယ့် မင်းလက်ပံ နဲ့ ဖလူးရွာက​နေ ​​KNLA ၊PDF ၊KNDO ပူး​ပေါင်းတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် လ​ပေါင်းများစွာ​ရှေ့မတိုးနိုင်ခဲ့ပါဘူး။

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည်ပိတ်ဆို့ဖြတ်​တောက်ထားပြီးမှစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ စစ်ကူစစ်​ကြောင်း​တွေပို့မရတာ​ကြောင့် စစ်တပ်ကလက်နက်ခဲယမ်းနဲရိက္ခာ​တွေကို လေယာဉ်နဲ့ စစ်ကောင်စီက ချပေးနေတာဖြစ်ပါတယ်။

ဒါအပြင် စစ်တပ်ကဝေါ်လေဗျူဟာကုန်းကို စစ်ကူပို့နိုင်ဖို့ တရုတ်အစိုးရဖိအားနဲ့ ထိုင်းနိုင်ငံကို အကူအညီတောင်းပြီး အဲဒီဘက်ခြမ်းကနေ စစ်ကူပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရုပ်သံ – Ek Kiattisak@

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။