Connect with us

Hi, what are you looking for?

သတင်း

“အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေပြပါ။”

အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကျဉ်းထောင်ကနေရွှေ့ပြောင်းခဲ့တယ်လို့ သတင်းထုတ်ပြန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့သက်သေပြချက်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။

(​ဒေါ်​အောင်ဆန်းစုကြည် ပန်းချီကားနဲ့ သူမရဲ့သားငယ်ကိုထိန်လင်း(ခ)ကင်မ်အဲရစ်)

ကိုထိန်လင်း(ခ)ကင်မ်အဲရစ်

ဧပြီ-၃၀၊၂၀၂၆။​ရောင်နီ/People’s Spring

အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကျဉ်းထောင်ကနေရွှေ့ပြောင်းခဲ့တယ်လို့ သတင်းထုတ်ပြန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့သက်သေပြချက်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။

“သူမကို ရွှေ့ပြောင်းခြင်းကလွှတ်ပေးခြင်းမဟုတ်ပါဘူး”ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိူင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။သားတစ်ယောက်အနေနဲ့ ကျွန်တော်မှာ ဘာသတင်းအချက်အလက်မှ မရရှိသေးပါဘူး။ကျွန်တော့်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ မေမေ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက်အလက်၊ သူမနဲ့ ဆက်သွယ်နိုင်ခွင့်၊နဲ့သူမလွတ်မြောက်ရေးပါ။အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေ ပြပါ။” လို့စစ်တပ်ကသတင်း​ထုတ်ပြန်ပြီး​နောက် ငင်မ်ကသူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်ကနေ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်နေအိမ်မှာ ပြစ်ဒဏ်ကျခံရမယ်လို့ ဧပြီ ၃၀ ညမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

သတ်မှတ်နေအိမ်က ဘယ်နေရာကနေအိမ်ဖြစ်တယ်ဆိုတာကို တော့ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားခြင်းမရှိသလို သတင်းထုတ်ပြန်ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့သာထုတ်ပြန်ထားတာပါ။ ထုတ်ပြန်တဲ့ ဓာတ်ပုံက ဘယ်အချိန်ကာလက ရိုက်ထားတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

စစ်တပ်ရဲ့အဲဒီပြောင်းလဲသတ်မှတ်တယ်ဆိုတာက ၁၉၉၀ ကျော်နဲ့ ၂၀၀၀ ခုနှစ်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ မည်သည့်နေရာမှန်း မသိရှိတဲ့နေရာမှာ၊ စစ်အုပ်စုသာ သိရှိတဲ့နေရာမှာ ဆက်လက် မတရားချုပ်နှောင်ထားတာသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပက မြန်မာတွေကဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း စစ်အုပ်စုက သက်သေပြဖို့ Proof of Life ကမ်ပိန်း ပြုလုပ်နေကြပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံးလွှတ်ပေးဖို့တောင်းဆိုဆန္ဒထုတ်ဖော်နေကြပါတယ်။

“သက်ရှိထင်ရှားရှိနေသေးကြောင်း “သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ် “ဓါတ်ပုံပြရန်” မဟုတ်ပါ”လို့ Proof Of Lifeကမ်ပိန်းကို ဦးဆောင်ပြုလုပ်‌ နေတဲ့ All in one piece movment ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း ရေးသား တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ