မေ-၁၊၂၀၂၆။ရောင်နီ/People’s Spring
အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ဈေးအဆမတန်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီတစ်ပတ် အနည်းငယ်ထပ်ကျခဲ့ပါတယ်။
အပတ်စဉ် သောကြာတိုင်း သတ်မှတ်တဲ့စစ်တပ်ရဲ့ ရည်ညွှန်းဈေးအရ ဒီတစ်ပတ် ရန်ကုန်မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92တစ်လီတာ ၄,၅၁၅ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၆၇၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၂၇၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၄၅၅ကျပ် သတ်မှတ်ထားပါတယ်။
ဒီဈေးက ပြီးခဲ့တဲ့ တစ်ပတ်ရည်ညွှန်းဈေးနဲ့ယှဉ်ရင် 92တစ်လီတာ ၁၅၃ ကျပ် ၊ 95 တစ်လီတာ ၂၃၉ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄၇၇ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅၅၇ကျပ် ကျသွားတာပါ။

Public Service Announcement
အီရန်စစ်ပွဲတွေကြောင့် ပြည်တွင်းစက်သုံးဆီဈေးက ဖေဖော်ဝါရီ လကုန်ပိုင်းကစတင်ပြီး ခြောက်ပတ်ဆက်တိုက်မြင့်တတ်ခဲ့တာပါ။
ခြောက်ပတ်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် ၂၄၀၀ ကနေ ၅၀၀၀ အထိ ဈေးတတ်သွားခဲ့တာဖြစ်ပြီး ဈေးပြန်ကျချိန်မှာတော့ ဖြည်းဖြည်းချင်းသာပြန်ကျနေတာဖြစ်ပါတယ်။
စက်သုံးဆီဝယ်ယူဖို့အတွက် သင်္ကြန်မတိုင်မီကာလက ညအိပ်တန်းစီရသည်အထိ များခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ တန်းစီစရာမလိုတော့ဘူးလို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

















































