Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မန္တလေးတောင်ပေါ် ကင်းချပြီးအားကစားလုပ်သူတွေကိုပါ တက်ခွင့်ပိတ်

​မန္တလေးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မန္တလေးတောင်ပေါ်မှာ အာဏာသိမ်းစစ်တပ်က ကင်းချထားပြီး တောင်တက်ကားလမ်းမှာ အားကစားပြုလုပ်သူတွေ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

(တချိန်က စည်ကားခဲ့သော မန္တလေးတောင်တက်လမ်းတနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Beautiful In Infinity Page)

မေ ၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မန္တလေးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မန္တလေးတောင်ပေါ်မှာ အာဏာသိမ်းစစ်တပ်က ကင်းချထားပြီး တောင်တက်ကားလမ်းမှာ အားကစားပြုလုပ်သူတွေ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

​ပြီးခဲ့တဲ့ ဧပြီ၂၉ ရက် ညနေ ၆ နာရီခွဲခန့်က မန္တလေးတောင်ပေါ် တောင်တက်ကားလမ်းကနေ ပုံမှန်အားကစားတက်ရောက်လေ့ရှိသူ အပြေးသမားအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့ ပြောကြားချက်အရ နောက်ရက်တွေကစပြီး မန္တလေးတောင် အတက်အဆင်းလမ်းတလျှောက်မှာ အပြေးလေ့ကျင့်တာ၊ စက်ဘီးစီးတာနဲ့ လမ်းလျှောက်တာစတဲ့ ဘယ်အားကစားလှုပ်ရှားမှုကိုမဆို ခွင့်မပြုတော့ကြောင်းပြောကြားခဲ့တယ်လို့ တောင်ပေါ်တက်ရောက်လေ့ရှိသူတွေက ပြောပါတယ်။

“အရင်ကလည်း ဆိုင်ကယ်နဲ့တက်ရင် သေနတ်တွေနဲ့လိုက်ကြည့်နေတာ။ တောင်အဆင်းလမ်းဆုံတပ်က ပိုဆိုးတယ်။ ရစ်တယ်။ အခုတော့ မန္တလေးတောင်ပေါ်ကို အပြေး၊ စက်ဘီး၊ လမ်းလျှောက် ဘယ်ဟာမှ မတက်ဖို့ တားမြစ်လိုက်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​လက်ရှိမှာ မန္တလေးတောင်ပေါ်၌ လုံခြုံရေးအကြောင်းပြချက်နဲ့ တောင်ဆင်းတောင်တက်ကားလမ်းကို ကန့်သတ်ချက်တွေ ပြုလုပ်ထားခြင်းဖြစ်ပြီး စောင်းတန်းကတက်တာတွေကိုတော့ တားမြစ်တာမရှိသေးဘူးလို့ သိရပါတယ်။

မန္တလေးတောင်ပေါ်မှာ စစ်တပ်က အာဏာသိမ်းကာလအစောပိုင်းကတည်းက လုံခြုံရေးယူထားတာဖြစ်ပြီး လက်နက်ကြီးတွေပါ တပ်ဆင်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။