မေ ၁၊ ၂၀၂၆/People’s Spring
ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အလုပ်သမားတွေ စုဝေးချီတက်ပွဲမှာ မြန်မာလုပ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။
မြန်မာအပါအဝင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေက ဒီကနေ့ မေဒေးနေ့မှာ စုဝေးချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ ဘန်ကောက်မြို့လယ်က ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင် (Democracy Monument) ရှေ့မှာစုဝေးပြီး ထိုင်းအစိုးရအိမ်တော် (Government House)ရှေ့အထိ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement
မေဒေးနေ့ ချီတက်ကြတဲ့ အလုပ်သမားတွေဟာ ထိုင်းအစိုးရထံ အချက်(၉)ချက် တောင်းဆိုခဲ့ကြပါတယ်။
စွမ်းအင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးဖို့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ပြဋ္ဌာန်းချက်တွေကို အမြန်ဆုံး အတည်ပြုလက်မှတ်ရေးထိုးဖို့၊ အနိမ့်ဆုံးလုပ်ခ လစာကို ၇၁၂ ဘတ်အထိ တိုးမြှင့်ပေးဖို့၊ လူမှုဖူလုံရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ ရွှေ့ပြောင်းလုပ်သား (Migrant Workers) စီမံခန့်ခွဲမှုမူဝါဒကို ဥပဒေနဲ့အညီ အမြန်ဆုံးချမှတ်ပေးဖို့ အပါအဝင် အချက် (၉)ချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။























































