Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များအရ မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆက်ဆံရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)က ယနေ့ (ဒီဇင်ဘာ၁၄) ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီသည် ပြည်သူလူထုအကြား ကြောက် မက်ဖွယ်အခြေအနေကို တွန်းပို့ရန် ရည်ရွယ်သည့် ပြင်းထန်သော ရာဇဝတ်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး နောက်ဆုံး တွင် ပြည်သူများက ၎င်း၏ နိုင်ငံရေးအစီအစဉ်တွင် ပါဝင်လာရန် လုပ်ဆောင်နေကြောင်း SAC-M က သုံးသပ်သည်။

“ဖေဖော်ဝါရီမှာ စတင်တဲ့ အာဏာသိမ်းမှုအလွန်အကြမ်း ဖက်ချိန်ကစလို့ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြတာပါ။ သူတို့မှန်ပါတယ်။ အကြမ်းဖက်တွေကပဲ ဒီ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ကြတာပါ”ဟု SAC-M မှ Yanghee Lee က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက စစ်ကိုင်းတိုင်း၌ လူ ၁၁ဦး မီးရှို့အသတ်ခံရသည့်ဖြစ်စဉ်နှင့် ဆန္ဒပြသူများကို သေစေနိုင်သည်အထိ ကားဖြင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များမှာ စစ်တပ်၏ ၁၁ လကြာ လူမဆန် စွာ အကြမ်းဖက်လုပ်ရပ်များထဲမှ နောက်ဆုံးပေါ် ကျူးလွန်မှုများဖြစ်သည်ဟု SAC-M က ဥပမာ ပေးသည်။

(အာဏာသိမ်းပြီး​နောက် ပြင်ဦးလွင်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook