Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များအရ မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆက်ဆံရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)က ယနေ့ (ဒီဇင်ဘာ၁၄) ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီသည် ပြည်သူလူထုအကြား ကြောက် မက်ဖွယ်အခြေအနေကို တွန်းပို့ရန် ရည်ရွယ်သည့် ပြင်းထန်သော ရာဇဝတ်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး နောက်ဆုံး တွင် ပြည်သူများက ၎င်း၏ နိုင်ငံရေးအစီအစဉ်တွင် ပါဝင်လာရန် လုပ်ဆောင်နေကြောင်း SAC-M က သုံးသပ်သည်။

“ဖေဖော်ဝါရီမှာ စတင်တဲ့ အာဏာသိမ်းမှုအလွန်အကြမ်း ဖက်ချိန်ကစလို့ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြတာပါ။ သူတို့မှန်ပါတယ်။ အကြမ်းဖက်တွေကပဲ ဒီ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ကြတာပါ”ဟု SAC-M မှ Yanghee Lee က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက စစ်ကိုင်းတိုင်း၌ လူ ၁၁ဦး မီးရှို့အသတ်ခံရသည့်ဖြစ်စဉ်နှင့် ဆန္ဒပြသူများကို သေစေနိုင်သည်အထိ ကားဖြင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များမှာ စစ်တပ်၏ ၁၁ လကြာ လူမဆန် စွာ အကြမ်းဖက်လုပ်ရပ်များထဲမှ နောက်ဆုံးပေါ် ကျူးလွန်မှုများဖြစ်သည်ဟု SAC-M က ဥပမာ ပေးသည်။

(အာဏာသိမ်းပြီး​နောက် ပြင်ဦးလွင်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ (အောက်တိုဘာ ၂၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။