Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(အာဏာသိမ်း စစ်တပ်ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA/EFE)

မေ-၈၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီး၊ ကံတလူဘုရားဝန်းကျင်နဲ့ ကုန်းရွာတဝိုက်ကို စစ်တပ်က အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဓါးစာခံ အဖြစ် ပြည်သူ ၃၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကိုင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ GroundPress အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီလဆန်းပိုင်းမှာကို သူတို့ စစ်ခွေးတွေဘက်က ဗိုလ် အဖမ်းခံရတာတွေရှိတယ်။ မိုင်းဆွဲခံရတာတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ လောလောဆယ် စစ်ကြောင်းတွေထိုးနေတာ။”လို့ GroundPress မြေပြင်သတင်း တာဝန်ရှိသူက ပြောပါတယ်။

အလားတူ ဒီကနေ့မှာပဲ စစ်ကိုင်းမြို့နယ်ကို မန္တလေးမြို့ကနေ စစ်တပ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး စစ်ကိုင်း တပ်မ(၃၃)ကတဆင့် မုံရွာ-မန္တလေးလမ်းအတိုင်း ချောင်းဦးနဲ့ မုံရွာမြို့ဘက် ဦးတည်သွားနေကြောင်း GroundPress မြေပြင်သတင်းက ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် အနောက်မြောက်ခြမ်းက ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ ခရိုင်ချင်းဆက် အမှတ်(၃)လမ်းပိုင်းမှာလည်း လမ်းပိုင်းဘေး ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ မေလ ၈ ရက်မှာ သတိပေးထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook