Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(အာဏာသိမ်း စစ်တပ်ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA/EFE)

မေ-၈၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီး၊ ကံတလူဘုရားဝန်းကျင်နဲ့ ကုန်းရွာတဝိုက်ကို စစ်တပ်က အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဓါးစာခံ အဖြစ် ပြည်သူ ၃၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကိုင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ GroundPress အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီလဆန်းပိုင်းမှာကို သူတို့ စစ်ခွေးတွေဘက်က ဗိုလ် အဖမ်းခံရတာတွေရှိတယ်။ မိုင်းဆွဲခံရတာတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ လောလောဆယ် စစ်ကြောင်းတွေထိုးနေတာ။”လို့ GroundPress မြေပြင်သတင်း တာဝန်ရှိသူက ပြောပါတယ်။

အလားတူ ဒီကနေ့မှာပဲ စစ်ကိုင်းမြို့နယ်ကို မန္တလေးမြို့ကနေ စစ်တပ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး စစ်ကိုင်း တပ်မ(၃၃)ကတဆင့် မုံရွာ-မန္တလေးလမ်းအတိုင်း ချောင်းဦးနဲ့ မုံရွာမြို့ဘက် ဦးတည်သွားနေကြောင်း GroundPress မြေပြင်သတင်းက ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် အနောက်မြောက်ခြမ်းက ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ ခရိုင်ချင်းဆက် အမှတ်(၃)လမ်းပိုင်းမှာလည်း လမ်းပိုင်းဘေး ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ မေလ ၈ ရက်မှာ သတိပေးထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။