Connect with us

Hi, what are you looking for?

အတွေးအမြင်

အောက်ချင်းငှက်မောင်နှံကို အားကျနေရတဲ့ ပြည်သူတွေ

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

ယောနသံ/People’s Spring

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့်မြန်မာနိုင်ငံသားတွေအတွက်စိတ်မကောင်းဖြစ်နေရဆဲလို့ ဩစတေးလျသံရုံးက သတင်းထုတ်ပြန်လာတာပါ။လွန်ခဲ့တဲ့ ၃နှစ်က မုန်တိုင်းတိုက်ခတ်နေစဉ် သံရုံးခြံဝင်းထဲ လာ‌နား‌ခဲ့တဲ့ အောက်ချင်းငှက်နှစ်ကောင်ရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေကို ထိခိုက်ပျက်ဆီးမှုများပြားစေခဲ့တဲ့မိုခါမုန်တိုင်းဟာ၂၀၂၃ မေလ၁၄ရက်နေ့မှာတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ (မေလ ၁၄ရက်နေ့)ဟာ မြန်မာနိုင်ငံ ဒေသအနှံ့ကလူပေါင်းများစွာအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ဖြစ်ပြီး သြစတြေးလျအနေနဲ့ ထိခိုက်ခံရတဲ့အသိုက်အဝန်းတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေချက်ချင်း ပေးအပ်ခဲ့သလို ထိခိုက်ခဲ့သူတွေအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရဆဲလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း သံရုံးဝန်ထမ်းတွေရဲ့ခြံဝန်းထဲမှာလာရောက်နားခိုခဲ့တဲ့ အောက်ချင်းငှက်နှစ်ကောင်ကိုလည်း ကယ်ဆယ်ထားခဲ့ပြီး အခုထိ အတူရှိနေကြောင်း နဲ့ အခုဆိုရင် မိသားစုဝင်အသစ်လေးတစ်ကောင်တောင်ရနေပါပြီလို့ အသိပေးထားပါတယ်။အောက်ချင်းငှက်နှစ်ကောင်ဟာ ကျယ်ဝန်းသပ်ရပ်တဲ့ခြံဝင်းထဲက ခမ်းနားတဲ့အဆောက်အအုံတစ်ခုရဲ့ ထိုင်ခုံတန်းမှာ နား​နေတဲ့ ဓာတ်ပုံထဲကတစ်ဆင့် တွေ့ရပါတယ်။

မိုခါ မုန်တိုင်းသင့်ခဲ့တာချင်တူ​ပေမယ့် မြန်မာပြည်သူ​တွေက​တော့ ​​အောင်ချင်းငှက်နှစ်​ကောင်လို အခုချိန်ထိကံမကောင်းကြ​သေးပါဘူး။

(မိသားစုဝင်အသစ်​လေးပါတိုး​နေပြီဖြစ်တဲ့မိုခါမုန်တိုင်းသင့်ခဲ့တဲ့ ​အောင်ချင်းငှက် ဇနီး​မောင်နှံ။ ဓါတ်ပုံ-သြစ​တြေးလျသံရုံး)

စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံဟာမုန်တိုင်းမိနေပြီး ဩစတေးလျသံရုံးအနေနဲ့ ​အောင်ချင်းငှက် ၂ ​​ကောင်လို မြန်မာပြည်သူတွေကိုလည်းကူညီစေချင်တယ်လို့ ဩစတေးလျသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာပြည်သူအချို့က တောင်းဆိုနေကြပါတယ်။

“မြန်မာပြည်မှာလည်းစစ်အာဏာရှင်ကြောင့် တိုင်းပြည်ဟာ မုန်တိုင်းမိနေပါတယ် ။ မြန်မာနိုင်ငံသားများကိုလည်း အဆိုပါ အောက်ချင်းငှက်လေးလို မြန်မာပြည်သား အများပြည်သူဆန္ဒနှင့်အညီ ကူညီကယ်ယူစောင့်ရှောက်ရင်အတိုင်းမသိဝမ်းသာမှာပါ”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။

မုန်တိုင်းဟာ၂၀၂၃မေလ၁၄ရက်မနက်မှာ ကျောက်ဖြူမြို့ကိုဖြတ်ပြီး စစ်တွေမြို့ကိုဝင်ခဲ့တာပါ။ မုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်နဲ့ မကွေးတိုင်းတို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူရာချီ‌ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်အတွင်းလူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီးလူနေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကထုတ်ပြန်ခဲ့ပါတယ်။

ဆိုင်ကလုန်းမိုခါကို တုံ့ပြန်မှုအတွက် နောက်ကျခဲ့သလို မုန်တိုင်းဘေးသင့်ပြည်သူတွေဆီပေးပို့မယ့် အကူအညီတွေကိုလည်းစစ်ကောင်စီကနည်းမျိုးစုံဟန့်တားခဲ့တယ်လို့ ပြည်တွင်း နဲ့ နိုင်ငံတကာအဖွဲ့တွေကထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ကူညီကယ်ဆယ်ရေးအရေးပေါ်လိုအပ်နေတဲ့ အချိန်မှာပဲ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ဇွန်လ ၇ရက်ကစပြီး စစ်ကောင်စီက ရုတ်တရက်ပိတ်ပင်ခဲ့ပါတယ်။

ခရီးသွားလာခွင့်နဲ့လူ သားချင်းစာနာမှုကူအညီတွေ ပိတ်ပင်ခံရတာကြောင့် အခြေအနေတွေပိုမိုဆိုးရွားလာပြီး လူထောင်ပေါင်းများစွာထံကို အကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့ပါတယ်။

မိုခါမုန်တိုင်းဝင်ပြီးနောက်ပိုင်း ၂၀၂၄ခုနစ် စက်တင်ဘာလမှာလည်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ စကိုင်းနဲ့မန္တလေးမြို့ကိုဗဟိုပြုခဲ့တဲ့ အင်အားပြင်းငလျင်ဘေးကြုံခဲ့ပါတယ်။

၂၀၂၁ခုနှစ် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေကိုကူညီကယ်ဆယ်ရေးအစီအစဉ်တွေ စစ်အုပ်စုက မလုပ်ခဲ့ဘဲ အရပ်သားတွေကိုပစ်မှတ်ထားပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာနဲ့တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။

သစ္စာရှိခြင်းရဲ့ပြယုဂ်အဖြစ်တင်စားခံရတဲ့ အောက်ချင်းငှက်ဟာ ချင်းတိုင်းရင်းသားတွေအပြင် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတိုင်းက တန်ဖိုးထားတဲ့ ငှက်မျိုးစိတ် ဖြစ်ပါတယ်။လက်ရှိမှာတော့ တောတောင်ပြုန်းတီးမှုနဲ့ အမဲလိုက်ခံရမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ မျိုးစိတ်ဖြစ်ပါတယ်။

အာဏာကိုလက်မလွှတ်ချင်တဲ့ စစ်ကောင်စီကလည်း မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အမဲလိုက်သလို တိုက်ခိုက်ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားသတ်ဖြစ်နေတဲ့ စစ်အာဏာရှင်လက်အောက်ကမြန်မာပြည်သူလူထုဟာ အသက်ရှင်သန် ရေးရည်ရုန်းကန်နေရပြီး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် အရေးယူပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်စင်မြင့်‌ပေါ်ကတဆင့် ကမ္ဘာကိုမကြာ‌သေးမီကတင် အကူအညီတောင်းခဲ့ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အတွေးအမြင်

-ခါကာဘိုရေးသားသည်။ ဒီနှစ်မှာကြုံတွေရမယ့်အယ်လ်နီညိုဟာ ၁၉၅၀ ခုနှစ်နောက်ပိုင်းမှာအပြင်းထန်ဆုံးလို့ပညာရှင်တွေကခန့်မှန်းနေကြပါတယ်။ CNN ရဲ့ရာသီဥတုဆိုင်ရာ သတင်းထောက်တဦးဖြစ်တဲ့ Andrew Freedman က(၂၀၂၆ ခုနှစ်၊ မေလလယ်)မှာဖြစ်ပေါ်လာမယ့် “Super El Niño”(အလွန်ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်) နဲ့ ပတ်သက်ပြီးစိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေကို အခုရက်ပိုင်း CNN မှာ အခုလို သုံးသပ်တင်ပြသွားပါတယ်။...

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Facebook