မေ ၁၇၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်က ရှားပင်ကျွန်းကျေးရွာမှာ မိုးသည်းနေချိန် စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ သီလရှင်တစ်ပါးအပါအဝင်၂ ဦးဒဏ်ရာရပြီးဘုန်းကြီးကျောင်းကသာသနာနိကအဆောက် အအုံတွေနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မေလ ၁၆ ရက် မနက် ၂နာရီခန့်က မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ရှားပင်ကျွန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
“ည ၂ နာရီ မှာဂျက်ဖိုက်တာ ၂ စီး နဲ့ လာပစ်တာ။ ဘုန်းကြီးကျောင်းကို ပစ်တာ ထင်တယ် အိမ်တွေရောထိကုန်တာ။”လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၅၀)ကျော် မယ်သီလရှင်တစ်ပါးနဲ့ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း၊ ဒါ့အပြင် ဘုန်းကြီးကျောင်းအတွင်းက သာသနိကအဆောက်အအုံတွေပါ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“မိုးတွေသည်းနေချိန် တံတားဦးတက်ဂျက်ဖိုက်တာ(MIG – 29) နဲ့ကိုဆော်သွားတာပါ။သာသနိက အဆောက်အဦးထိခိုက်ပျက်စီးတော့အမျိုးဘာသာ ဘာညာအော်နေတဲ့ စစ်ခွေးလော်ဘီတွေက ေ -ာက်သံတိတ်နေကြတယ်။အပြစ်မဲ့အရပ်သား ပြည်သူအိမ်လေးတွေကတော့ အတော်လေးကို ထိခိုက်ပျက်စီးသွားတယ်။ ၅လုံးလောက်က ပြန်ပြင်လို့ကို မရနိုင်တော့ဘူး။ အသစ်ပြန်ဆောက်ဖို့လည်း သာမာန်တောရွာနေပြည်သူမိသားစုတွေအတွက် တော်လှန်ရေးကာလအတွင်း ဘယ်လိုငွေပိုငွေလျှံရှိလို့ ပြင်နိုင်မလဲ”လို့ မုံရွာနယ်အခြေစိုက် ပကဖရဲဘော်တစ်ဦးက ပြောပါတယ်။
မေလ ၁၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်လို့ ပြည်သူတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ဒီလပိုင်းမှာ နိုင်ငံတဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများကြီးနဲ့ အရှိန်မြှင့်ပြီးတန်ပြန်ထိုးစစ်ဆင်လာပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီက အင်အားတွေဖြည့်နေပြီး ကနီ၊ ယင်းမာပင်နယ်တွေမှာ စစ်ကြောင်းတွေ ထိုးနေပါတယ်။


















































