Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ သားဖြစ်သူ ကိုထိန်လင်းနဲ့ ဗြိတိန်ရောက်မြန်မာတွေ တောင်းဆို

ဗြိတိန်နိုင်ငံလန်ဒန်မြို့ပါလီမန်ရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် “PROOF OF LIFE” လှုပ်ရှားမှုကို ​မေ ၁၇ရက်ကပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံလန်ဒန်မြို့ပါလီမန်ရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို ​မေ ၁၇ရက်ကပြုလုပ်ခဲ့ပါတယ်။

မေ-၁၈၊၂၀၂၆။ သုည/People’s Spring

ဗြိတိန်နိုင်ငံလန်ဒန်မြို့ပါလီမန်ရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် “PROOF OF LIFE” လှုပ်ရှားမှုကို ​မေ ၁၇ရက်ကပြုလုပ်ခဲ့ပါတယ်။

“PROOF OF LIFE” လှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင် နဲ့ ဒေါက်တာသက်ကိုကို ၊ ယူကေရောက် တိုင်းရင်းသား community များမှ ကိုယ်စားလှယ်တွေ နဲ့ ယူကေရောက် တော်လှန်ရေးမိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

ဗြိတိန်ရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစုနဲ့ တွေ့ခွင့်ပေးဖို့၊ ကျန်းမာကြောင်း၊ သက်ရှိထင်ရှားရှိကြောင်း ယုံကြည်ရသော အထောက်အထားတွေ ပြသဖို့နဲ့ မြန်မာစစ်အုပ်စုအား ယူကေအစိုးရ နဲ့ နိုင်ငံတကာက ဖိအားပေးရေးတို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် “Proof of life” ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)