Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ ပေါနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မြောင်နယ်အတွင်း တနေရာတွင် ပြုလုပ်နေသော ဂျင်ဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-Screen Grab)

မေ ၁၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဂျင်ဝိုင်း၊ ကြက်ဝိုင်းစတဲ့ လောင်းကစားဝိုင်းတွေ ပေါများနေပြီး ခိုးဆိုးလုယက်မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဂျင်ဝိုင်းတွေ ပေါလာတော့ လုယက်မှု၊ ခိုးမှု လူသတ်၊ ပစ္စည်း လုတာတွေ များလာတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာထက်မနည်းမှာ ဂျင်ဝိုင်းတွေ ဖွင့်လှစ်ဆော့ကစားနေကြပြီး ကြက်ဝိုင်းတွေအပါအဝင် လောင်းကစားဝိုင်း စုစုပေါင်း ၁၀ ဝိုင်းထက်မက ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ သက်ဆိုင်ရာ ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေက အရေးယူတာမျိုးတွေ မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“နီးစပ်ရာ အဖွဲ့အစည်းတွေ ပိုက်ဆံပေးလုပ်တာတွေလဲရှိတယ်။ သူတို့ရောပါတာတွေရှိတယ်။ ဒါတွေကို ဖမ်းရမှာ။တာဝန်ရှိ လူကြီးများ ဖမ်းဆီးအရေးယူပေးဖို့ ပြောချင်ပါတယ်။ ယောက်ျားဖြစ်သူက ဂျင်ဝိုင်းသွားလို့ ပျက်စီးသွားတဲ့ မိသားစု အများကြီးရှိပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေမှာ စလော့ဂိမ်းလောင်းကစားတွေပါ ပျံ့နှံ့လာပြီး လူငယ်တွေနဲ့ အိမ်ထောင်ဦးစီးတွေပါ လောင်းကစားစွဲကာ မိသားစုဘဝတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​အဆိုပါ လောင်းကစားဝိုင်းတွေကို တားဆီးနှိမ်နင်းဖို့ တာဝန်ရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အနေနဲ့ ယနေ့ထက်ထိ တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်း မရှိတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းမှဗုံးကြဲခဲ့ရာတွင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်သေဆုံးသူ ၆ ဦးအထိရှိလာပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် T. G. R.သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။