Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေလုပ်ပါက ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းမယ်လို့ ပခုက္ကူနဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း သတိပေး

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၅ အတွင်းက ပခုက္ကူမြို့နယ်တနေရာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းအား တော်လှန်ရေးအဖွဲ့က ဝင်ရောက်ဖမ်း​ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

ဇွန် ၁၅၊၂၀၂၆။ဟာနာဆန်/People’s Spring

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ တော်လှန်ရေးနယ်မြေအချို့မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေ​ကြောင်း သိရှိရလို့ ယခုလိုအသိပေးချက် ထုတ်ပြန်ရတာဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ဆိုပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ လောင်းကစားဝိုင်းတွေကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ စာရိတ္တပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရကြောင်း၊ ဒါ့ကြောင့် လောင်းကစားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ကစားသူတွေ၊ ဦးဆောင်ပြုလုပ်သူတွေအနေနဲ့ ရှေ့တန်းမှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို စာနာထောက်ထားဖို့ ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအတွက် ထိခိုက်စေသည့်အထိ ဆိုးရွားပါတယ်။ ဒီလိုအချိန်ကာလမှာ အချိန်ဖြုန်း ငွေဖြုန်းနေမည့်အစား တော်လှန်ရေး ရဲဘော်များနှင့်အတူ နိုင်ရာဘက်ကနေ ပူပေါင်းပါဝင်ပေးကြဖို့ အထူးလေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါတယ်”လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၅)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ယခုမေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ လောင်းကစားဝိုင်းတွေကို ဆက်လက်ပြုလုပ်ပါက ဝင်ရောက်ပိတ်ဆို့ ဖမ်းဆီးသွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ငွေဒဏ်၊ အချုပ်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ချမှတ်မှာဖြစ်ကြောင်း၊ ဒါ့အပြင်

ဖမ်းဆီးရမိသူတွေအနက် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးထဲ ထည့်မယ့်အစား လူရေးပြစ်ဒဏ်တွေသာ ပေးသင့်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပြုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လောင်းကစားဝိုင်းတွေ များပြားလာပြီး ယခုအခါ တော်လှန်ရေးအားကောင်းတဲ့ ​ဒေသတွေအထိပါ ပေါများလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေကပါ တားမြစ်လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။