Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်​တော်က မင်းအောင်လှိုင်ကိုသမ္မတအဖြစ်​ကြေညာပြီး နာရီပိုင်းအတွင်း မြောင်နယ်ဗုံးကြဲခံရလို့ပြည်သူ ၄ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

(မတ်လ ၂၀ ရက်က နဘတ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ − မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေး

■စကုနယ်ကစာသင်​ကျောင်းကိုလည်းဗုံးကြဲ

​ဧပြီ−၃၊ ၂၀၂၆ ဇေအောင်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်အပြီး နာရီပိုင်းအကြာ ​ဒီကနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီခန့်မှာ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ (Jet Fighter) ၂စီးဟာ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူ ၄ ယောက်ထိပါတယ်။ ကျား ၂ ယောက် မ ၂ ယောက် ပါ။ မ ၂ ယောက်က စိုးရိမ်ရပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂လုံးနဲ့စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​လက်ရှိမှာ ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အလားတူ စစ်တပ်က မင်းဘူးမြို့နယ်၊ စကုနယ်၊မန်း​ချောင်းအ​နောက်ဘက်က ​ကျေးရွာတစ်ရွာက အလယ်တန်းကျောင်းကို ဧပြီ ၃ ရက် နံနက်အ​စောပိုင်း ၁နာရီ ၄၀ မိနစ်ဝန်းကျင်မှာ စစ်တပ်က ​​လေ​ကြောင်းမှဗုံးကြဲတာ​ကြောင့်ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။ဒါအပြင်အ​ဆောက်အအုံအချို့လည်းပျက်စီးခဲ့ပါတယ်။

မြောင်မြို့နယ်က နဘတ်ကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရက်သားကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း အရာတော်၊ ဘုတလင်နဲ့ မုံရွာမြို့နယ်က ဆေးခန်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မှတ်ချက်-သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook