Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ Tiktok ဆယ်လီက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို ပျူစောထီးတွေခေါ် အင်အားပြ

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။

(ဆိုင်ရှေ့မှာ ပျူစောထီးတေါခေါ်ပြီး အင်အားပြခဲ့တဲ့ ဆယ်လီဇော်ဝင်းမောင် ။ ဓာတ်ပုံ - Screen Grab)

မေ ၁၉၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။

မန္တလေးမြို့မှာ နေထိုင်ပြီး အထည်လုပ်ငန်းလုပ်ကိုင်နေတဲ့ Tiktok ဆယ်လီ ဇော်ဝင်းမောင်ဆိုသူဟာ အထည်လုပ်ငန်းလုပ်ကိုင်သူအချင်းချင်းကြား ပြဿနာဖြစ်ပွားရာကနေ မန္တလေးမြို့က စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေကို သူ့ဆိုင်ရှေ့ခေါ်ပြီး အင်အားပြခဲ့တာပါ။

၎င်းခေါ်ယူခဲ့သူတွေဟာ ပျူစောထီးခေါင်းဆောင်ချိုကြီးနဲ့ ပျူခေါင်းဆောင် ဘိုဘိုတို့ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဇော်ဝင်းမောင်ဆိုင်ရှေ့လာရောက်တဲ့ ပျူစောထီးစုစုပေါင်း ၂၀ ဦးထက်မနည်း ပါဝင်တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပျူစောထီးခေါင်းဆောင်တစ်ဦးက ဇော်ဝင်းမောင်ကို “ငါ့တူက အေးအေးဆေးဆေးနဲ့ စီးပွားရှာစားနေတာ။ ဦးလေးတို့သိတယ်။ မတရားတာလုပ်မယ် မတရားပြောမယ်ဆိုရင် ငါ့တူတို့ဘက်မှာ ဦးလေးရှိတယ်။ ဖြေရှင်းပေးမယ်။”လို့ ပြောပါတယ်။

နောက်တစ်ဦးကလည်း “မိန်းမလိုမိန်းမရနဲ့ ဝင်မပြောနဲ့။ ပွဲကြည့်ချင်ရင်လာခဲ့လိုက်။”လို့ စိန်ခေါ်ခဲ့ပါတယ်။

အဆိုပါရုပ်သံဖိုင်ကို တင်ထားတဲ့ ချိုကြီးရဲ့ Tiktok ရုပ်သံအောက်မှာ ပေါက်ကိုယ်တော်က

“အဒါအမှန်ကန်ဆုံးပဲ။လူမွဲရင် မွဲပါစေ။စိတ်ဓာတ်မမွဲနဲ့။”လို့ အားပေးအားမြှောက်ပြုထားတာကို တွေ့ရပါတယ်။

စီးပွားရေးသမားချင်းဖြစ်တဲ့ဖြစ်ကြတဲ့ပြဿနာကို အခုလို ပျူစောထီးတွေ ခေါ်ယူအင်အားပြခဲ့တဲ့ အပေါ် ဝေဖန်ခံနေရပါတယ်။

“တိုင်းပြည်က တဖြေးဖြေးနဲ့ကြောက်စရာကောင်းလာပြီ။ မြို့ပြမှာ အာဏာရှင်လက်သပ်မွေးထားတဲ့ လူဆိုးလူမိုက်သူခိုးဂျပိုးကောင်တွေက ပရဟိတသမားတွေသယောင် သူတော်ကောင်းတွေဖြစ်လို့ လူမိုက်ကွန်ယက်တွေချိတ်ဆက်ပြီး ခြိမ်းခြောက်မိုက်ကြေးခွဲပြနေကြတဲ့ ခေတ်ကိုရောက်နေပြီ။ ကျနော်တို့က စစ်အာဏာရှင်ကိုတော်လှန်ရတာတမျိုး သူတို့ရဲ့လက်ပါးစေ လူဆိုးလူမိုက်သူခိုးဂျပိုးတွေပါ မနှိမ်နင်းနိုင်ရင်တော့ ပြည်သူတွေဘဝက မတွေးရဲစရာပါပဲ။”လို့ စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Tiktok ဆယ်လီ ဇော်ဝင်းမောင်ဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်ခေါင်းဆောင်ကို လှောင်ပြောင်တဲ့ တစ်တော့ဗွီဒီယိုရိုက်လို့ဆိုပြီး ၂၀၂၃ ဇူလိုင်က ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ် အလိုကျနေထိုင်ပြီး စစ်တပ်နဲ့ ပူးပေါင်းနေလို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။