မေ-၁၉၊၂၀၂၆။ ရှိန်း/People’s Spring
အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ဒေသတွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေလုပ်နေပေမယ့်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အပတ်စဉ်(၂၅) စစ်မှုထမ်းအသစ် တွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်တန်းတွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့ကပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် (၂၄) အတွက် ပေါ်တာဆွဲထားသူတွေ ၊အဓမ္မစစ်သားသစ်စုဆောင်းထားသူတွေကို မေလအတွင်းမှာပဲစစ်တပ်က သင်တန်းတွေကိုပို့လိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် အပတ်စဉ်(၂၅) အတွက် ပေါ်တာဆွဲတာ၊ အဓမ္မစစ်သားသစ်စုဆောင်းတာ တွေဆက်တိုက်လုပ် နေတယ်လို့စစ်တပ်ထိန်းချုပ်မှုအောက်က မြို့ကြီးတွေက ဒေသခံ တွေကပြောပါတယ်။
ဒီလို ပေါ်တာဆွဲမှုတွေဖြစ်နေမယ့်ရန်ကုန်၊မန္တလေး နဲ့ နေပြည်တော် မှာ သတ်မှတ်သင်တန်းသား ဦးရေ မပြည့်သေးလို့ဆိုပြီး မေ ၁၈ ရက်နေ့အထိ ပေါ်တာဆွဲခံရသူ ၊ စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစုဆောင်းထားသူတွေ အပါအဝင် အားလုံးကို စစ်သားစု ဆောင်းရေးတွေမှာပဲ ရှိနေ သေးတယ်လို့စစ်ကောင်စီဆီက စုံစမ်းသိရပါတယ်။

Public Service Announcement
“ဆံပင်တွေတော့ကတုံးကေဖြစ်သွားပြီ။အခုဒီအ ဆောင်မှာတော့နယ်စုံကသင်တန်းသား၅၀ကျော်ရှိတယ်။အခုထိ သင်တန်းမသွားရသေးဘူး။လူမပြည့် သေးလို့နဲ့ တခြားပို့မယ့်သူတွေကဒီမ ရောက် သေးလို့ လို့ပြောတယ်”လို့ စစ်မှုထမ်း ပေါ်တာဆွဲခံရသူတဦးက ပြောပါတယ်။
စစ်သားစု ဆောင်းရေးနေရာမှာတော့အိပ်ယာထချိန်၊အိပ်ချန် နဲ့ ထမင်းစားချိန်ပဲသတ်မှတ်ထားသေးပြီး တခြားဘာမှမလုပ်ရ သေးဘူးလို့စုံစမ်းသိရပါတယ်။ဒီသင်တန်းသားတွေကို မေလနောက်ဆုံးပတ်မှာ စစ်အခြေခံသင်တန်းကိုပို့ဖို့ စစ်တပ်ကစီစဥ်နေတာဖြစ်ပါတယ်။
စစ်တပ်က ရန်ကုန် ၊မန္တလေး၊မုံရွာ အပါအဝင် နိုင်ငံတစ်ဝန်းစစ်တပ်ထိန်းချုပ်ရာ ဒေသတွေမှာ အဓမ္မစစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေပိုဆိုးလာပါတယ် ။ ရန်ကုန်မှာလည်း ဧည်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီးခေါ်သွားတာ ၊အိမ်အထိလိုက်လာပြီးခေါ်တာ ၊အလုပ်ကအပြန် ဖမ်းဆီးခေါ်တာတွေဒီလပိုင်းအတွင်းပိုများလာတယ်လို့ဒေသခံတွေကပြောပါတယ် ။ မန္တလေးမြို့မှာလည်း လူငယ်တဦးတည်းဆိုင်ကယ်နဲ့သွားလာချိန် ကားနဲ့လိုက်ပြီး လူရောဆိုင်ကယ်ရော ကားနဲ့ဖမ်းတင်ခေါ်သွားတာတွေများနေပါတယ်။ မုံရွာမြို့မှာတော့ အဓမ္မစ်သားသစ်စုဆောင်းတာ အဆိုးဆုံးအခြေအနေဖြစ်ပြီး လူငယ်ဆယ်နဲ့ချီပြီး မကြာခဏဖမ်းဆီးခံနေရတယ်လို့ဒေသခံတွေပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ်(၂၂)ကို ဧပြီလ၂၉ ရက်နေ့က သင်တန်းဆင်းခဲ့ပြီး နောက် မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ တပ်သားအားလုံးကို ရှေ့တန်းတွေ ပို့ထားတယ်လို့လည်းမိသားစုဝင်တချို့ဆီကပြောတယ်။
စစ်တပ်ကနိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ဒေသတွေကိုစစ်ကြောင်းတွေအများကြီးပို့ပြီး တန်ပြန်ထိုးစစ်ဆင်နေတာမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကို ရှေ့ကနေအသေခံတက်ခိုင်းပြီးတိုက်နေတာကြောင့် တိုက်ပွဲတွေမှာစစ်သားသစ်တွေအများဆုံးသေဆုံး ဒဏ်ရာရနေတယ်လို့ တော်လှနိရေးအဖွဲ့တွေကပြောပါတယ်။ဒါကြောင့်ပြည်သူတွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင် သတိထားပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတိုက်တွန်းထားပါတယ်။
“ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်း သူတို့နောက်ကနေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။သန္ဓေ စကစ စစ်သားနဲ့ အခုကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်”လို့ရွှေဘိုခရိုင်၊အမှတ်(၉၇၀၆)တပ်ရင်း ၊တပ်ရင်းမှူးကိုလကျာ် က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ပဲခူးတိုင်း ဗျူဟာ (၂၂) ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ကလည်း “အကြမ်းဖက် တပ်အတွက်က အင်အား အလွန်အကျွံထိုးတာတွေက သူ့အတွက် အင်အားတွေ လိုသလောက်စုရတယ်။ ပေါ်တာ ဆွဲ ရတယ်ဆိုတဲ့ မျှော်မှန်ချက်တွေ နဲ့ အသေခံ တက်ခိုင်းထိုးခိုင်းနေကြတာပါ။ ဒီထဲမှာ မလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ။ လည်တဲ့ပါးတဲ့ သူဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချအဲ့တာဆိုသူတို့အတွက် အခွင့်အလမ်းတွေ ရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်”လို့ပြောပါတယ်။


















































