Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ပတ်သက်နေတဲ့ သိန်းချီတဲ့စိတ်ကြွဆေးပြားတွေ AAနဲ့ မဟာမိတ်တွေ ဖမ်းဆီး

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မေ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာ AAနဲ့ မဟာမိတ်တွေက နယ်မြေလုံခြုံရေးကင်းလှည့်နေစဉ် တဲတစ်လုံးထဲကနေ တရားခံ ၂ဦးနဲ့အတူ မေလ ၁ရက်က ဖမ်းမိခဲ့တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ထုတ်ပြန်ထားပါတယ်။

စစ်ကြွဆေးပြားစုစုပေါင်း ၃၂သိန်း တွေ့ရှိခဲ့ပြီး ပိုင်ရှင်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့မှာနေတဲ့ ဦးမိုးကျော်ထွေး (၄၁ နှစ်ခန့်)နဲ့ အင်းစိန်မြို့က ဦးရန်နိုင် (၄၄ နှစ်ခန့်) ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

သယ်ဆောင်လာတဲ့စိတ်ကြွဆေးပြားတွေကို ပြည်ခရိုင်အတွင်းမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးခြင်းလုံးဝမရှိဘဲ ဖြတ်သန်းခွင့်ပြုလိုက်တာလို့ ဖမ်းမိထားသူ ၂ဦးရဲ့ပြောဆိုချက် ကိုးကားပြီး ခိုင်သုခက ထုတ်ပြန်ထားပါတယ်။

အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံ ရေးဌာန(ဒီလပ်)မှ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မအရ အမှုဖွင့်ထားပြီး ဆက်စပ်တရားခံတွေ ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပန်းတောင်းမြို့နယ်ဟာ ရခိုင်ပြည်နယ်ကို ဝင် ပေါက်နေရာဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်မှာ ရှိနေတဲ့ စစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေး ကပစ(၁၆)ကို AA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရှမ်းပြည်နယ်ဘက်ကနေ သယ်ဆောင်လာတဲ့မူးယစ်ဆေးဝါးတွေကို စစ်တပ်စစ်ဆေးဂိတ်တွေက အစစ်ဆေးမရှိလွှတ်ပေးပြီး ရခိုင်ပြည်နယ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်နေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

” စစ်တပ်က အဓိကတရားခံပဲ။ သူလွှတ်ပေးနေတာ။ အဲ့ဒီဂွင်ကနေ စစ်တပ်အရာရှိတွေ ချမ်းသာနေတာ” လို့ ရှမ်းပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ကတော့ AAဟာ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်နေတယ်လို့ မကြာခဏဝါဒဖြန့်လေ့ရှိပါတယ်။

AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကသာ မူးယစ်ဆေးဝါး၊ ကျားဖြန့်ငွေလေးဂိုဏ်းတွေရဲ့အဓိကတရားခံလို့ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။