Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်လမ်းပိုင်းမှာပစ်သတ်ထားတဲ့အမျိုးသားအလောင်းနှစ်လောင်းတွေ့

မွန်ပြည်နယ်၊သံဖြူဇရပ် -ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်းပိုင်းမှာ လက် ပြန်ကြိုးတုပ်ထားပြီးရင်ဘတ်မှာသေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုး သားရုပ်အလောင်းနှစ်လောင်းကိုမနေ့ (မေလ ၂၀ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

မေ – ၂၁ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မွန်ပြည်နယ်၊သံဖြူဇရပ် -ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်းပိုင်းမှာ လက် ပြန်ကြိုးတုပ်ထားပြီးရင်ဘတ်မှာသေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုး သားရုပ်အလောင်းနှစ်လောင်းကိုမနေ့ (မေလ ၂၀ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

မနေ့ မနက်ပိုင်း ၉ နာရီခွဲခန့်ကသံဖြူဇရပ်မြို့နယ်၊ထင်းရှုးရွာအဝင်ရှိ ရာဘာခြံတွေအနီးမှာအဲဒီအမျိုးသားနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုတွေ့ခဲ့တာပါ။

“လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားတယ်၊လည်ပင်းနဲ့ ရင်ဘတ်မှာ သေနတ်ဖောက်ဝင်ဒဏ်ရာတွေတွေ့ရပါတယ်”လို့ လူမူကူညီရေးအဖွဲ့ဝင်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံထားရတဲ့အမျိုးသားနှစ်ဦးရဲ့ရုပ်အလောင်းဘေးမှာ သေနတ်ကျည်ခွံ ရှစ်ခုခန့် တွေ့ရပြီး သေဆုံးသူတွေကအသက် ၃၀ ခန့်အရွယ်တွေဖြစ်တယ်လို့ အဲဒီလူမှုကူညီရေးအဖွဲ့ဝင်က အသိပေးပါတယ်။

သေဆုံးသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာအသေးစိတ်မသိရသေးသလ်ိုသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းနေဆဲပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမေလ ၁၄ ရက်ကလည်းစမ်းကြီးကျေးရွာရေး – သံဖြူဇရပ်ကားလမ်းမပေါ်ရှိမိုင်တိုင်အမှတ်၅၀/၅ အနီးမှာဦးခေါင်းကိုသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ထားတဲ့လက္ခဏာတွေနဲ့ သေဆုံးနေတဲ့အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့ပါသေးတယ်။

အဲဒီသေဆုံးသူသုံးဦးကတော့ပဲခူးတိုင်း ၊ ဒိုက်ဦးမြို နဲ့ ပြွန်တန်ဆာမြို့တွေက ဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ