Connect with us

Hi, what are you looking for?

သတင်း

မြိုင်က ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

မကွေးတိုင်း၊မြိုင်မြို့နယ်က အာဏာသိမ်းစစ်တပ် အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ-၂၃၊ ၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်က အာဏာသိမ်းစစ်တပ် အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ရဲ့အမာခံနယ်မြေဖြစ်တဲ့ မြိုင်မြို့နဲ့ (၁၃) မိုင်၀န်းကျင်အကွာက ပျူစောထီးအားကောင်းတဲ့ သရက်ကန်ကျေးရွာကို ဒီကနေ့ မေလ ၂၃ရက်မနက်ပိုင်းမှာ သိမ်းရရှိခဲ့တာလို့ ဆိုပါတယ်။

“သိမ်းရတာဟုတ်တယ်။ဒါပေမယ့်နယ်မြေအ‌ခြေအနေအရ သိမ်းရတဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြောမရသေးဘူး”လို့ မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သရက်ကန်ရွာကို မနေ့က(မေလ ၂၂ ရက်)ညပိုင်းက စတင်တိုက်ခံရပြီး ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်တပ်ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။

“စစ်စည်းအရ သက်ဆိုင်ရာ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ပါလိမ့်မယ်”လို့ သရက်ကန်ရွာသိမ်းနိုင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သရက်ကန်ရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅၀ ဝန်းကျင်ရှိနိုင်တယ်လို့ မြိုင်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

စစ်တပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်းက စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ဖြန့်ကျက်မှုတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တပ်က မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက-၃) ဒေသအခေါ် စက်မှု-၂ ကို ပခုက္ကူ တပ်မ(၁၀၁)က ရဟက်ယာဉ် ၂စီးနဲ့ လက်နက်ခဲယမ်းနဲ့ အင်အားတွေ ဖြည့်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မြိုင်နယ် အနောက်တောင်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ သတိထား နေထိုင်ကြဖို့ စစ်ရှောင်အရေးကူညီသူအချို့က ဒီကနေ့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။