Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသား အဆောင်ကို ယူကရိန်း တိုက်ခိုက်ခဲ့တယ်လို့ ပူတင် စွပ်စွဲ၊ လက်စားချေမယ်လို့ ခြိမ်းခြောက်

ကျောင်းသား အဆောင်ကို ယူကရိန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီး ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ကျောင်းသား အဆောင်ကို ယူကရိန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီး ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားထိန်းချုပ်ထားရာ လူဟန့်စ်ခ် ဒေသထဲမှာ မေလ ၂၂ ရက်နေ့က စတာရိုဘလစ်ခ်မြို့ ကျောင်းသား အဆောင် တစ်ခုကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ပူတင်က ဆိုပါတယ်။ ညပိုင်းအချိန် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ၆ ဦးသေပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း၊ ဒဏ်ရာရသူ ၃၉ ဦး ရှိခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ယူကရိန်း စစ်တပ်ကတော့ သူတို့ရဲ့ ဒရုန်းတိုက်ခိုက်မှု ပစ်မှတ်ဟာ မြို့ထဲမှာ ရှိနေတဲ့ ရုရှားရဲ့ Rubicon ဒရုန်းတိုက်ခိုက်ရေး ယူနစ်တစ်ခုသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အဲဒီ ပစ်မှတ်ဟာ ရုရှားက ကြေညာတဲ့ ကျောင်းသားအဆောင်ဆိုတဲ့ အဆောက်အအုံနဲ့ တူတူပဲလား ဆိုတာကိုတော့ ယူကရိန်းက ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

ပူတင်ကတော့ တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာမှာ ဘယ်လို စစ်ရေးနဲ့ ထောက်လှမ်းရေး အဆောက်အအုံမှ ရှိမနေခဲ့ကြောင်း အခိုင်အမာ ပြောပါတယ်။ မော်စကို မြို့တော်ရဲ့ ကရင်မလင် နန်းတော်မှာ ရှိနေတဲ့ ပူတင်က သူဟာ ဒီကိစ္စအတွက် ဘယ်လို လက်တုံ့ပြန်သင့်သလဲဆိုတဲ့ အစီအမံတွေ တင်ပြဖို့ စစ်ဘက် အရာရှိတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ စုစုပေါင်း ဖောက်ခွဲရေးဒရုန်း ၁၆ စီးကို အသုံးပြုပြီး စတာရိုဘလစ်ခ်မြို့ကို သုံးသုတ်ခွဲ တိုက်ခိုက်ခဲ့တာလို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားဖက်က စွပ်စွဲချက်တွေနဲ့ ယူကရိန်းရဲ့ ထုတ်ပြန်ချက်ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ယူကရိန်း စစ်တပ်ရဲ့ ကြေညာချက်မှာတော့ Rubicon ဒရုန်းယူနစ်ကိုသာ ပစ်မှတ်ထားခဲ့ပြီး စစ်ရေးဆိုင်ရာ အဆောက်အအုံတွေကိုသာ ထိခိုက် ပျက်စီးစေခဲ့ကြောင်း ဖော်ပြထားပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှု စည်းမျဉ်း ဥပဒေတွေကိုလည်း တိတိကျကျ လိုက်နာလေ့ရှိတယ်လို့လည်း ယူကရိန်းက ဆိုပါတယ်။

မေလ ၂၁ ရက်နေ့တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းတောင်ပိုင်း၊ ခါဆွန်ပြည်နယ်ထဲက ရုရှားထိန်းချုပ်ထားရာ နေရာတစ်ခုမှာ ရုရှား ထောက်လှမ်းရေးဌာန FSBရဲ့ စခန်းတစ်ခုကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး ရုရှားဖက်က အသေအပျောက် ၁၀၀ ဝန်းကျင် ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှား စစ်ဘက်က ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဒါပေမဲ့ ရုရှားစစ်တပ်လော်ဘီ Telegram channel တစ်ခုကတော့ အကြီးစား ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် ခါဆွန်က ရုရှား စစ်ထောက်လှမ်းရေး ယူနစ်တစ်ခုမှာ ထိခိုက်သေကြေမှုတွေ ကြုံတွေ့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

Facebook