Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက်ဖလူးနဲ့ဝေါ်လေဘက်မှာထိတွေ့ပစ်ခတ်မှုရှိနေ

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

မေ – ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

မြ၀တီမြို့တောင်ဘက်အစွန်ဆုံးထိုင်း-မြန်မာနယ်စပ်နားကဝေါ်လေဗျုဟာမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး KNU တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အခြားကရင်သတင်းရင်းမြစ်တစ်ဦးကလည်းဝေါ်လေဗျုဟာစခန်းအပေါ် စစ်ကောင်စီတပ်ကလေကြောင်းကနေခဲယမ်းနဲ့ရိက္ခာထုပ်တွေချပေးနေတာရှိနေပြီးပစ္စည်းထုတ်အချို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဘက်ကသိမ်း ဆည်းရမိတာတွေ ရှိနေတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ကထိုးစစ်ဆင်နေတဲ့မြ၀တီမြို့တောင်ဘက်ထိုင်း-မြန်မာနယ်စပ်နားမင်းလက်ပံရွာနဲ့ဖလူးရွာဘက်တွေမှာမနေ့ (မေလ ၂၄ ရက်)ညပိုင်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနှစ်ဖက်တပ်တွေရဲ့ထိတွေ့တိုက်ပွဲတွေဟာ နေ့တိုင်းလိုလို ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖလူး၊မင်းလက်ပံဒေသတိုက်ပွဲတွေမှာနယ်မြေစိုးမိုးရေးအတွက်ထိုးစစ်ဆင်လာတဲ့စစ်တပ်ကရှေ့ဆက်မတိုးနိုင်သေးဘူးလို့ ကရင်သတင်းရင်းမြစ်က အသိပေးထားပါတယ်။

ဒီနောက်ပိုင်းတိုက်ပွဲတွေမှာစစ်တပ်ဘက်ကဒရုန်းနဲ့ လက်နက်ကြီးတွေကို ပိုပြီး အသုံးပြုလာတယ်လို့ အဆိုပါကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“အခုနောက်ပိုင်း ဒရုန်းတွေ ပြန်ဝဲလာတယ်၊ ခုတလော စစ်တပ်က အလုံးကြီးနဲ့ ဒရုန်းတွေ ပိုသုံးလာတယ်” လို့ ဒေသတွင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။

မနေ့ညပိုင်းက စစ်ကောင်စီတပ်ရဲ့ မြ၀တီမြို့စောင့်တပ် အမှတ် ( ၂၇၅) ခြေလျင်တပ်ရင်းထဲကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ထုတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ မနက် ၁၁ နာရီကျော်အချိန်မှာ KNU တပ်မဟာ(၆)အုပ်ချုပ်ရေးနယ်မြေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကျိုက်ဒုံမြို့ပေါ်ကို စစ်တပ်က လေယာဉ်ကနေ ဗုံးနှစ်လုံးကြဲချသွားခဲ့တယ်လို့ ဒေသတွင်းရှိ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် ကျိုက်ဒုံမြို့ပေါ်မှာ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံ အမျိုးသမီး သုံးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

“ကျိုက်ဒုံကိုဗုံးလာကြဲတာသုံးယောက်သေတယ်၊တစ်ယောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရတယ်” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့အနီးရှိ KNU တပ်မဟာ(၆)ထိန်းချုပ်ထားတဲ့မက္ကသာကျေးရွာကမိုင်းတွင်းတွေကိုလည်းစစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာမိုင်းတွင်းထဲမှာအလုပ်လုပ်ကိုင်နေကြတဲ့အရပ်သားတွေသေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

လက်ရှိကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းစစ်တပ်ဘက်ကမြေပြင်စစ် ကြောင်းထိုးစစ်ရေးလှုပ်ရှားမှုတွေမရှိပေမယ့်အင်အားဖြည့်ဆည်းတာတွေရှိနေပြီးလေကြောင်း၊ဒရုန်းကင်းထောက်တာတွေအမြဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။