Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြ ပြည်သူတွေ စိတ်ပြေစေဖို့အတွက် လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ဘိုလီးဗီးယား သမ္မတပြော

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဘိုလီးဗီးယား သမ္မတ ရိုဒရီဂို ပက်ဇ်က သူနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဘိုလီးဗီးယား သမ္မတ ရိုဒရီဂို ပက်ဇ်က သူနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဗဟို လက်ယာယိမ်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ပက်ဇ်က သူရော၊ ဝန်ကြီးတွေပါ လက်ရှိလစာရဲ့ တစ်ဝက်ပဲ ယူတော့မယ် ဆိုတာကို မေလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပက်ဇ်ဟာ သမ္မတ ဖြစ်လာတာ ၆ လလောက်သာ ကြာမြင့်သေးတဲ့ အချိန်မှာ ပြည်တွင်းက အုံကြွ ဆန္ဒပြမှုတွေကြောင့် အကြီးအကျယ် အကျပ်ရိုက်နေပါတယ်။

သူ့ရဲ့ အစိုးရဟာ ဆယ်စုနှစ် လေးခုလောက်အတွင်း နိုင်ငံသမိုင်းမှာ ကြုံဖူးသမျှ အဆိုးဆုံး စီးပွားရေး ကျဆင်းမှုတွေကို ကိုင်တွယ်နေရပါတယ်။ မေလဆန်းမှာတော့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး မြို့တော် လာပက်ဇ်မှာ လူထုဆန္ဒပြပွဲတွေ စတင်လာပြီး အဲဒီနောက်မှာတော့ ပက်ဇ်ကို နုတ်ထွက်ပေးဖို့ပါ တောင်းဆိုလာပါတယ်။

Public Service Announcement

Public Service Announcement

လမ်းပိတ်ဆို့မှုတွေနဲ့ တခြားပြဿနာတွေကြောင့် မြို့တော် လာပက်ဇ်ဆီ စားနပ်ရိက္ခာတွေ၊ စက်သုံးဆီတွေ၊ ဆေးဝါးတွေ ရောက်မလာဘဲ ကုန်ပစ္စည်း ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုတွေ ကြုံနေရပါတယ်။

သမ္မတအဖြစ် တာဝန်ယူထားသူ တစ်ဦးအနေနဲ့ နိုင်ငံအပေါ် ထားရှိတဲ့ စိတ်စေတနာမှန်ကို ပြသဖို့အတွက် လုပ်ခလစာ ၅၀ ရာခိုင်နှုန်း လျှော့ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပက်ဇ်က ကြေညာခဲ့ပါတယ်။ အမေရိကန်က ထောက်ခံတဲ့ သမ္မတဟာ နိုင်ငံတောင်ပိုင်းက ဆူခရီမြို့ကို ရောက်နေချိန်မှာ အဲဒီ သဘောထားကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တရားဝင် သတ်မှတ်ချက်အရ သမ္မတရဲ့ လစာဟာ ဘိုလီဗီယာနို့စ်ငွေကြေး ၂၄၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၅၀၀ လောက် ရရှိနေပါတယ်။ သမ္မတက လစာလျှော့ယူဖို့ ဆုံးဖြတ်ချက်ဟာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျေနပ်စေမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ပက်ဇ်ဟာ အရင်ကလည်း လူကြိုက်နည်းတဲ့ အလုပ်သမား ဝန်ကြီးကို ထုတ်ပယ်ပြီး အစိုးရ မူဝါဒတွေ အကောင်အထည် ဖော်ရာမှာ ကုန်သွယ်ရေး သမဂ္ဂတွေနဲ့ ဒေသခံ လူမှုအသင်းအဖွဲ့တွေရဲ့ အသံကို ပိုမို ကိုယ်စားပြုခွင့် ပေးမယ်လို့ ကမ်းလှမး်တာတွေ လုပ်ခဲ့ပေမယ့် လူထုကို နှစ်သိမ့်နိုင်ခဲ့ပုံတော့ မပေါ်ပါဘူး။

အာဂျင်တီးနား သတင်းဌာန တစ်ခုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အင်တာဗျူး လုပ်ခဲ့ရာမှာတော့ ပက်ဇ်က သူဟာ ဆန္ဒပြသူတွေနဲ့ ဆွေးနွေးညှိနှိုူင်းဖို့ ဖြစ်နိုင်ခြေ ရှိသမျှ နည်းလမ်းအားလုံးကို ရှာဖွေသွားမယ်လို့ ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းက အတိုင်းအတာ ရှိတယ်လို့တော့ သူက သတိပေးခဲ့ပြီး အခြေအနေတွေ ပိုဆိုးလာရင် နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာနိုင်ခြေကိုလည်း ငြင်းဆိုမသွားခဲ့ပါဘူး။

ပက်ဇ်ဟာ စီးပွားရေး ပညာရှင် တစ်ဦးဖြစ်ပြီး ရှည်လျားတဲ့ နိုင်ငံရေး သမိုင်းကြောင်းမျိုး ရှိနေတဲ့ မိသားစုကနေ ပေါက်ဖွားလာသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တာက သမ္မတဟောင်း အီဗို မိုရေးလ်စ် ဦးဆောင်တဲ့ ဆိုရှယ်လစ် အစိုးရ နှစ်ပေါင်း ၂၀ လောက် အုပ်စိုးခဲ့မှုကို ဆုံးခန်းတိုင်သွားစေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ ဆန္ဒပြ သတ္တုမိုင်း လုပ်သားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယား နိုင်ငံက တောင်တက်လမ်း တစ်ခုမှာ ဘတ်စ်ကား ချော်ကျခဲ့ရာ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။