Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ ငွေစက္ကူတွေ တင်လာတဲ့ လေယာဉ်ပျက်ကျ၊ ၁၁ ဦးထက်မနည်း သေဆုံး

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် ညပိုင်းက လေတပ်ရဲ့ ကုန်တင်လေယာဉ်ဟာ နိုင်ငံ အနောက်ပိုင်း အယ်လ်အယ်လ်တိုမြို့မှာ ပျက်ကျခဲ့တာလို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ ဆန်တာခရုဇ်မြို့ကနေ အယ်လ်အယ်လ်တို လေဆိပ်ကို ဆင်းသက်ရာက လမ်းချော်ပြီး ပျက်ကျခဲ့တာပါ။ ဒါ့အပြင် အနီးမှာရှိတဲ့ ကားလမ်းပေါ်က ကားတချို့ကိုပါ ဝင်တိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ် အပြီးမှာတော့ လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက ပျက်ကျခဲ့တဲ့ လေယာဉ် အမျိုးအစားဟာ C-130 Hercules တစ်စီးဖြစ်တယ်လို့ နောက်ပိုင်းမှာ အတည်ပြုခဲ့သလို ဗဟိုဘဏ်ရဲ့ ငွေစက္ကူတွေကို တင်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ အရတော့ လေယာဉ်ကိုယ်ထည်က နှစ်ပိုင်းလောက် ကျိုးပြီး ပျက်စီးနေတာကို တွေ့ရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ ငွေစက္ကူတွေရဲ့ နံပါတ်တွေကို သုံးစွဲဖို့ ခွင့်မပြုထားသေးကြောင်း၊ ဒါကြောင့် အဲဒီငွေတွေကို ကောက်ယူပြီး သာမန်ပြည်သူတွေ သုံးစွဲရင် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်မှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ ပြည်သူတွေ အနေနဲ့ အခင်းဖြစ်တဲ့ နေရာနဲ့ ဝေးဝေးနေပြီး တာဝန်ရှိသူတွေ သူ့အလုပ်သူ လုပ်ခွင့်ပေးဖို့လည်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ပြည်တွင်းသတင်းတွေရဲ့ အဆိုအရ လေယာဉ် ပျက်ကျပြီးတဲ့နောက် မြို့ခံတွေဟာ လေယာဉ်ပျက်နား ချဉ်းကပ်လာပြီး ငွေစက္ကူတွေကို စုဆောင်း ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ထိခိုက်သေဆုံးမှု စာရင်း မပါဝင်ခဲ့သလို မြေပြင်ပေါ်မှာ ရှိနေသူတွေရော သေဆုံးခဲ့သလား ဆိုတာကိုလည်း မကြေညာပါဘူး။ ဒါပေမဲ့ မျက်မြင်တချို့ကတော့ လေယာဉ်ပျက်ကျချိန် အစိတ်အပိုင်းတွေ ထိမှန်ခံရတဲ့ ကားတွေထဲက လူတချို့ ဒဏ်ရာရခဲ့တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဘိုလီးဗီးယား သမ္မတ ရိုဒရီဂို ပက်ဇ်က သူနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ ဆန္ဒပြ သတ္တုမိုင်း လုပ်သားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။