Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲတလျှောက် ရုရှားစစ်သား သေဆုံးမှု ၅ သိန်းနီးပါးရှိခဲ့

ယူကရိန်းစစ်ပွဲ စတင်ချိန် ကတည်းက ရုရှားစစ်သား ၅ သိန်းနီးပါး အသေအပျောက် ရှိခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ယူကရိန်းစစ်ပွဲ စတင်ချိန် ကတည်းက ရုရှားစစ်သား ၅ သိန်းနီးပါး အသေအပျောက် ရှိခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ရဲ့ အစိုးရ ဆက်သွယ်ရေး ဌာနချုပ် (GCHQ) အကြီးအကဲ အန်းကိစ် ဘတ္တလာက ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ စစ်ပွဲကာလအတွင်း ရုရှားဖက်က သေကြေခဲ့တဲ့ စစ်သားအရေအတွက်ဟာ သန်းဝက်လောက်ထိ များပြားလာပြီလို့ ယုံကြည်ရကြောင်း ခန့်မှန်းခဲ့ပါတယ်။ သူဟာ ဗြိတိန်ရဲ့ အီလက်ထရောနစ် ထောက်လှမ်းမှု စစ်ဆင်ရေးတွေကို ကြီးမှူးရသူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက စစ်ပွဲကို စတင်ခဲ့တဲ့ အခြေအနေတွေနဲ့ ယှဉ်ကြည့်ရင် ရုရှား ရုရှားရဲ့ အနေအထားက နောက်ပြန်ဆုတ်နေတယ်လို့ ယူဆနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

မကြာသေးခင်က ပြည်ပအခြေစိုက် ရုရှား အတိုက်အခံ မီဒီယာတွေက စစ်ပွဲကာလအတွင်း ရုရှားစစ်သားတွေ သေဆုံးမှုဟာ ၃၅၂၀၀၀ ကျော်လွန်သွားပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘတ္တလာကတော့ လက်တွေ့ ကိန်းဂဏန်းတွေက အဲဒီထက် ပိုကြီးမားပြီး ၅ သိန်းနီးပါးလောက်ထိ များပြားနိုင်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးရထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ အရဆိုရင် စစ်ပွဲစချိန် ကတည်းက ရုရှားဟာ စစ်သား အရေအတွက် သန်းဝက်လောက် ဆုံးရှုံးထားပြီးပြီလို့ ယုံကြည်ရကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်းကလည်း ရုရှားရဲ့ စစ်မြေပြင် ထိခိုက်သေဆုံး စာရင်းကို တိုးမြှင့် ကြေညာပြီး ဝါဒဖြန့်ဖို့ အားထုတ်တာတွေလည်း ရှိနေပါတယ်။ ဒါကလည်း ပြုန်းတီးအင်အားကို ပြန်ဖြည့်နိုင်ဖို့ စစ်မှုထမ်းသစ်တွေ ခေါ်ယူနေတဲ့ ရုရှားရဲ့ အားထုတ်မှုတွေကို နှောင့်နှေးစေဖို့ ဖြစ်ပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားဟာ ဧပြီတစ်လတည်းမှာတင် သေဆုံး၊ ဒဏ်ရာရမှုတွေကြောင့် စစ်သည်အင်အား ပြုန်းတီးမှု အရေအတွက် ၃၀၀၀၀ လောက် ကြုံခဲ့ရကြောင်း ခန့်မှန်းထားပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကို သိမ်းယူဖို့ ဆက်လက် ကြိုးစားနေပြီး အဲဒီ စစ်ဆင်ရေးတွေအတွင်း အသေအပျောက်တွေ များပြားနေတာ ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ ရုရှားဟာ တစ်နေ့ကို စစ်သားသစ် ၈၀၀ နဲ့ ၁၀၀၀ ကြား၊ တစ်လကို ၂၅၀၀၀ နဲ့ ၃၁၀၀၀ ကြားလောက်ထိ စုဆောင်းနိုင်စွမ်း ဆက်ရှိနေဆဲလို့လည်း ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက ခန့်မှန်းထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။