Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းပေါက်ကွဲမှု မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့​တွေမ​တော်တဆ​ပေါက်ကွဲတာလို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

မေ-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မေလ ၃၁ရက် နေ့လည် ၁၂နာရီက ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၆နာရီကျော်အကြာမှာ TNLAက ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ ထိခိုက်သေဆုံးအရေအတွက်ကို ဖော်ပြမထားပါဘူး။

အဆိုပါပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများမှ အသက်ဆုံးရှုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ အများအပြားရှိခဲ့တယ်လို့ ဖော်ပြပြီး အသက်ဆုံးရှုံး ဒဏ်ရာရ ပျက်စီးမှု ကြုံရတဲ့ ပြည်သူတွေအတွက် များစွာ ဝမ်းနည်းပူဆွေးရတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ စာနာဝမ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသောပစ္စည်းများ ဖြစ်ပါသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့ TNLAက ထုတ်ပြန်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးထိခိုက် အရေအတွက်စာရင်း ဖော်ပြမထားတာဟာ မြေပြင်မှာ သေဆုံးထိခိုက် အလွန်များပြား၍ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တဦးကပြောပါတယ်။ဒါ့အပြင် အခုပေါက်ကွဲမှုမှာအရပ်သားတွေနဲ့ TNLA ရဲဘော်တွေ သေဆုံးထိခိုက်မှု အများအပြားရှိခဲ့တယ်လို့ သိရကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပြပြီး TNLA အနေနဲ့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ လုပ်ဆောင်စေလိုတယ်လို့ ဒေသခံက ပြောပါတယ်။

“ပလောင်မိတ်ဆွေတယောက်ပြောတာ အနည်းဆုံး ၅၀ဦးအထက် သေဆုံးတယ်လို့ တော့ စာနဲ့ အကြောင်းကြားလာတာရှိတယ်။ နောက်ဆုံး ဆေးရုံမှာ အခြေအနေမကောင်းတဲ့ သူတွေနဲ့တွက်လိုက်ရင် ၆၀ ကျော်သွားနိုင်ခြေရှိတယ်” လို့ ဒေသခံကပြောပါတယ်။

ပေါက်ကွဲမှု အပြီးမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်းလည်း TNLAက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

Facebook