Connect with us

Hi, what are you looking for?

သတင်း

စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးတာ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြိုနယ်မှာ သပိတ်အင်အားစုမှ တော်လှန်ပြည်သူတွေက “ပညာတတ်ကြီးလား??? ကိုယ်ကျင့်တရားကောင်းတဲ့ဆရာတွေကသာ ငါတို့ကလေးတွေအတွက်မျှော်လင့်ချက်ပဲ။ ဦးနှောက်ဆေးပညာရေးကိုဆန့်ကျင်ပါ။ ပညာစစ်စစ်ကိုရနိုင်တဲ့နေရာကနေရှာဖွေပါ” စာသားပါ လက်ကမ်းစာစောင်တွေကို ပြည်သူတွေထံ ဖြန့်ဝေပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုဒဏ်ကို ကာကွယ်လျှော့ချနိုင်ဖို့အတွက် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ ၎င်းတို့ ထိန်းချုပ်မှုမရှိတဲ့နယ်မြေတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ ကလေးသူငယ်အပါ၀င် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးနေရကြောင်း ဝက်လက်မြို့နယ်သပိတ်အင်အားစုက ဆိုပါတယ်။

ဒါ့ကြောင့် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ ကြုံလာပါက လုံခြုံစွာနေထိုင်ဖို့အတွက်လည်း သပိတ်ရဲဘော်တွေက သရုပ်ပြသခဲ့ပါတယ်။

ဓာတ်ပုံ – ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။