Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲ တစ်လအတွင်းမှာတင် နှစ်ကြိမ် ပစ်ချတာ ခံခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူး

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အီရန်နဲ့ အမေရိကန်တို့ အပစ်ရပ် သဘောတူညီမှု မရခင် ၅ ရက်အလို ဧပြီ ၃ ရက်နေ့မှာ အီရန်ရဲ့ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စနစ်တွေဟာ နိုင်ငံအနောက်တောင်ပိုင်းမှာ အမေရိကန်ရဲ့ F-15E တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ F-15Eရဲ့ လေယာဉ်မှူးရော၊ လက်နက်ထိန်းချုပ်ရေး အရာရှိဖြစ်တဲ့ တွဲဖက် လေယာဉ်မှူးပါ လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်ခဲ့ပါတယ်။

အမေရိကန် စစ်တပ်ဟာ လေယာဉ်မှူးကို F-15E ပစ်ချခံရပြီး နာရီပိုင်း အတွင်းမှာတင် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တွဲဖက် လေယာဉ်မှူးကတော့ ရန်သူ့နယ်မြေထဲမှာ ၂ ရက်လောက် ခြေရာဖျောက် ပုန်းအောင်းနေခဲ့ပြီး အဆုံးသတ်မှာတော့ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ စစ်ဆင်ရေးကြီး တစ်ခုနဲ့ အမေရိကန်က အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းထောက် တစ်ဦးဖြစ်တဲ့ ရှောင်နေလော်က အဲဒီဖြစ်စဉ်မှာ အရင်ဆုံး ကယ်တင်ခံခဲ့ရသူ တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲအတွင်း ဒုတိယအကြိမ်မြောက် လေယာဉ်ပစ်ချ ခံရမှုနဲ့ ကြုံခဲ့တာလို့ သူ့ရဲ့ The High Sideဆိုတဲ့ သတင်းကြေညာမှု အစီအစဉ်မှာ စတင် ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပထမ တစ်ကြိမ် ပစ်ချခံရမှုကတော့ အဲဒီဖြစ်ရက်မတိုင်ခင် သီတင်းငါးပတ်လောက်အကြာ မတ်လ ၁ ရက်နေ့တုန်းက ကူဝိတ် လေပိုင်နက်ထဲမှာ ကြုံခဲ့တာပါ။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့တဲ့အခါ အီရန်ကလည်း ကူဝိတ် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

မတ်လဆန်းတုန်းက အမေရိကန်နဲ့ ကူဝိတ် တိုက်လေယာဉ်တွေဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးနေရင်း ကူဝိတ်ရဲ့ F/A-18C တစ်စီးဟာ အမေရိကန် F-15E တိုက်လေယာဉ် သုံးစီးကို အချင်းချင်း မှားယွင်း ပစ်ချမိခဲ့ပါတယ်။ ပျက်ကျသွားတဲ့ F-15E တိုက်လေယာဉ်တွေထဲက လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး စုစုပေါင်း ၆ ဦးက လေထီးနဲ့ ခုန်ထွက်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အီရန်ရဲ့ ပစ်ချမှုကို ခံခဲ့ရတဲ့ လေယာဉ်မှူးဟာ အဲဒီ ၆ ဦးထဲမှာ ပါဝင်ခဲ့တယ်လို့ နေလော်က ပြောပါတယ်။

အမည်ဖော်မပြထားတဲ့ အဲဒီ လေယာဉ်မှူးဟာ ဗီယက်နမ် စစ်ပွဲနောက်ပိုင်းမှာ စစ်ရေးပဋိပက္ခ တစ်ခုအတွင်း နှစ်ကြိမ်တိုင် ပစ်ချခံရတဲ့ ပထမဆုံး တိုက်လေယာဉ်မှူး အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ သူဟာ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပေမယ့် တွဲဖက် လေယာဉ်မှူးတွေကတော့ သူ့လောက် ကံမကောင်းခဲ့ကြပါဘူး။ ကူဝိတ်က ဖြစ်စဉ်မှာ တွဲဖက်လေယာဉ်မှူးဟာ လေထီးမှာ ပြဿနာဖြစ်လို့ အကျကြမ်းခဲ့ပြီး ဒဏ်ရာအတော်ပြင်းပြင်း ရခဲ့သလို အီရန်က ဖြစ်ရပ်မှာလည်း တွဲဖက်လေယာဉ်မှူးဟာ ရန်သူ့နယ်မြေထဲမှာ ဒဏ်ရာတွေနဲ့ ၂ ရက်လောက် ပုန်းအောင်းနေခဲ့ရပါတယ်။

CBS သတင်းဌာနက အီရန်စစ်ပွဲမှာ တိုက်လေယာဉ်မှူး တစ်ဦးဟာ နှစ်ကြိမ်တိုင် ပစ်ချခံရတဲ့ ဖြစ်စဉ်တွေ ကြုံခဲ့တယ်ဆိုတဲ့ ကိစ္စကို အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တိုက်ရိုက် မဖြေဘဲ အမေရိကန် စစ်ရေးကွပ်ကဲမှုဌာန (CENTCOM)ဆီ ဆက်သွယ်မေးမြန်းဖို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။

လေတပ်ရဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဒေးဗစ် ဒက်ပ်တူလာက စစ်ပွဲတစ်ခုတည်းမှာတင် လေယာဉ်မှူးတစ်ဦးက နှစ်ကြိမ်တိုင် ပစ်ချတာ ခံရတယ် ဆိုတာက အတော်ကြီး ရှားပါးကြောင်း၊ လူတစ်ယောက်တည်း နှစ်ခါ မိုးကြိုးပစ်ခံရဖူးတာနဲ့ တူနေကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။