Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံသားတွေ ၁၀ ရက် မရယ်ကြဖို့ မြောက်ကိုရီးယား အစိုးရ ညွှန်ကြား

ဒီသတ်မှတ်ချက်ဟာ ဒီဇင်ဘာ ၁၇ ရက်က စတင် အကျုံးဝင်လာမှာဖြစ်ပြီး မလိုအပ်ဘဲ စျေးဝယ်ထွက်တာမျိုးတောင် မလုပ်ဖို့ ညွှန်ကြား ခံထားရတယ်လို့ နယ်စပ်မြို့ ဆင်နူဂျူမှာ နေထိုင်သူ တစ်ဦးက RFA သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။

နိုင်ငံသား အားလုံး ၁၀ ရက်ကြာ မရယ်ဘဲ ဝမ်းနည်းတဲ့ မျက်နှာတွေနဲ့ပဲ နေကြဖို့ မြောက်ကိုရီးယား အစိုးရက ညွှန်ကြားထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားမှာ ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်တာ ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် နိုင်ငံသားတွေ အားလုံးက ၁၀ ရက်ကြာ ဝမ်းနည်း ကြေကွဲကြောင်း ပြသဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် နိုင်ငံသား အားလုံး ၁၀ ရက်အတွင်း မရယ်ကြဖို့၊ အရက်သောက် ပျော်ပါးတာ၊ အပန်းဖြေ ခရီးသွားလာတာတွေ အားလုံး မလုပ်ကြဖို့ ပိတ်ပင် ခံရမယ်လို့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။

ဒီသတ်မှတ်ချက်ဟာ ဒီဇင်ဘာ ၁၇ ရက်က စတင် အကျုံးဝင်လာမှာဖြစ်ပြီး မလိုအပ်ဘဲ စျေးဝယ်ထွက်တာမျိုးတောင် မလုပ်ဖို့ ညွှန်ကြား ခံထားရတယ်လို့ နယ်စပ်မြို့ ဆင်နူဂျူမှာ နေထိုင်သူ တစ်ဦးက RFA သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။

ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ် ကာလနဲ့ ကြုံနေရင် နိုင်ငံသားတွေ အနေနဲ့ ကိုယ့်မွေးနေ့ကိုယ်တောင် အခမ်းအနားနဲ့ ကျင်းပခွင့် မရှိဘူးလို့ ဆိုပါတယ်။ ၁၀ ရက် ကျော်လွန်သွားပြီးရင်တော့ ကင်မ်ဂျုံအီလ်ကို အောက်မေ့ခြင်း အထိမ်းအမှတ် အနုပညာ ပြပွဲတွေ၊ တခြား အစီအစဉ်တွေ ပြုလုပ်ဖို့ အစိုးရက ပြင်ဆင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ဂျုံအီလ်ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က အသက် ၇၀ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ အရိုက်အရာကိုတော့ လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။