Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ် ဗုံးဖောက်ခွဲမှုကြောင့် ရေအောက် ငလျင်လှုပ်ခတ်

အမေရိကန် ရေတပ်က အင်အားပြင်း ရေမြှုပ်ဗုံး ဖောက်ခွဲမှုကြောင့် ရေအောက် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် ရေတပ်က ပင်လယ်ထဲမှာ ပေါင် ၄ သောင်း ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ပါတယ်။ ရေအောက်မှာ ဗုံးကွဲတဲ့အချိန် ရေမျက်နှာပြင်ပေါ်မှာ USS Gerald Ford လေယာဉ်တင် သင်္ဘောကြီးကို ထားရှိပြီး ရေယာဉ်ရဲ့ ခံနိုင်ဝန်ကို စမ်းသပ်ခဲ့ကြောင်း ရေတပ်က ကြေညာပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဖလော်ရီဒါ ပြည်နယ်၊ ဒေတိုနာ ကမ်းခြေနားမှာ ရစ်ချ်တာစကေး ၃.၉ အဆင့် မြေအောက်ငလျင် တစ်ခု လှုပ်ခတ်သွားတာကို တိုင်းတာ ရရှိခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ မိုင် ၁၀၀ လောက် အကွာမှာ ရေအောက်ငလျင် ဖြစ်ပေါ်အောင် ဆင့်ကဲ သက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ဟာ ဗုံးဖောက်ခွဲ စမ်းသပ်မှု ဗီဒီယိုကို Twitterပေါ်မှာ မျှဝေထားခဲ့ပါတယ်။ ရေအောက်မှာ ဗုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ရေတပ်ကတော့ လုံခြုံမှု အစီအမံတွေ စိတ်ချရအောင် ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း ပြောကြားထားပါတယ်။

အခုစမ်းသပ်မှုဟာ အမေရိကန် ရေတပ်ရဲ့ အကြီးဆုံး စစ်ရေယာဉ် ဖြစ်လာတဲ့ လေယာဉ်တင် သင်္ဘောကြီးရဲ့ ကြံ့ခိုင်မှုကို ဆန်းစစ် မှတ်တမ်းယူတဲ့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ USS Gerald Fordကို ၂၀၁၇ မှာ ရေတပ်အတွက် စတင် အသုံးပြုပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘော၊ စစ်ဘက်သုံး သင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။