Connect with us

Hi, what are you looking for?

သတင်း

တောင်မော်ဦးရေတပ်စခန်းမှာ အထိနာနေတဲ့ စစ်တပ်က လေးတောင်မြို့ကို ဗုံးကြဲ၊ စစ်ဘေးရှောင် လူငယ် ၁ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ သေဆုံးမှုများ၊ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ဗုံးကြဲ စစ်သင်္ဘောနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်လူငယ် ၁ဦး သေဆုံးသွားခဲ့ပါတယ်။

(ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၆၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ သေဆုံးမှုများ၊ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ဗုံးကြဲ စစ်သင်္ဘောနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်လူငယ် ၁ဦး သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဇွန်လ ၅ ရက် ညနေပိုင်းမှာ စစ်တပ်က လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စစ်သင်္ဘောက လက်နက်ကြီးနဲ့ အကြိမ်ဆယ်ချီ တပြိုင်နက် ပစ်ခတ်ခဲ့တာဖြစ်ပြီး လေးတောင်မြို့ အမှတ်(၂)ရပ်ကွက် တောလယ်ရပ်မှာ ရေနံတူးနေတဲ့အလုပ်သမား ၁ဦး သေဆုံးသွားခဲ့တာပါ။

“မြို့ထဲပါပဲ ဗုံးကျတဲ့နေရာက။ ရေနံတွင်းမှာ အလုပ်လုပ်နေတဲ့ စစ်ရှောင်ကောင်လေး၊ သနားစရာလေးပါ၊ ပင်ပန်း ဆင်းရဲကြတယ်။ စစ်ရှောင်တွေ၊ အဲဒါ တခါတည်းသေသွားခဲ့တယ်” လို့ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ခံ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ ကာကင်းစခန်းတွေ လက်လွှတ်ထားရပြီး ရေတပ်စခန်းအထိ အာရက္ခတပ်တော်(AA)ထိုးစစ် ရောက်လာခါနီးအချိန်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ပေါ်၊ ကျေးရွာတွေထိပါ ဗုံးကြဲတိုက်ခိုက်လာတာပါ။

မနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ကျေးရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၁၉နှစ်အရွယ် မောင်ကြည်အေး ဖြစ်ပြီး ဘယ်ရင်အုံ နှလုံးတည့်တည့်ကို ထိမှန်ခဲ့ပြီး ဆေးရုံအသွား လမ်းခုလတ်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင် လူနေကျေးရွာတွေနဲ့ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်အတွင်းရှိ လူနေကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကလည်း ရမ်းဗြဲမြို့နယ် စပါးတုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲ၊ နွားအချို့ သေဆုံးကာ ဇွန်လ ၁ ရက်က ရမ်းဗြဲမြို့နယ် ကြောင်ချတွင်းရွာကို တိုက်ခိုက်မှုမှာလည်း အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် ၃စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။