Connect with us

Hi, what are you looking for?

သတင်း

KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

(KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးနေတာကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Naw Tu Awng)

ဇွန်-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

ဇွန်လ ၆ရက် မနက်က လေကြောင်းတိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့သလို နေ့လည်ပိုင်းမှာ ၂ကြိမ် ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရသူရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။လေကြောင်း တိုက်ခိုက်ရာမှာ ဗုံးကြဲတာအပြင် ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ အသိပေးထားပြီး နေအိမ် ၅လုံး ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အခု စစ်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ နယ်မြေဟာ KIA တပ်မဟာ(၉) တပ်ရင်း(၃၁) နယ်မြေဖြစ်ပါတယ်။

ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပျက်စီးမှု ရှိပေမယ့် လူအထိအခိုက်မရှိဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကချင်ပြည်နယ် ရွှေကူမြို့နယ်က တာစီရွာကို လေကြောင်းဗုံးကြဲခဲ့ပါတယ်။

တာစီရွာတိုက်နယ်ဆေးရုံနဲ့ KIO အုပ်ချုပ်ရေးရုံးနေရာတွေကို စစ်တပ်က ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းတာ၊ အချို့ဒေသမှာထိုးစစ်ဆင်တာ ပြုလုပ်နေလို့ တိုက်ပွဲဖြစ်တာတွေရှိနေသလို လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေလည်းမကြာခဏ လုပ်ဆောင်လျက်ရှိပါတယ်။

စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် KIA ဘက်ကလည်း လမ်းပိုင်းအချို့ကို ယာယီပိတ်ထားမျိုးရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့နယ် အပါအဝင် ကချင်ဒေသ က နေရာတွေကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။