Connect with us

Hi, what are you looking for?

သတင်း

Proof Of Life အသုံးအနှုန်းကို မှန်မှန်ကန်ကန်အသုံးပြုဖို့ မေတ္တာရပ်ခံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof Of Life ကမ်ပိန်း နာမည်ကို အသုံးပြုပြီး ပစ္စည်းရောင်းတာအလှူခံတာတွေ မလုပ်ဖို့ All in One Piece Movement က မေတ္တာရပ်ခံလိုက်ပါတယ်။

ဇွန်-၉၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof Of Life ကမ်ပိန်း နာမည်ကို အသုံးပြုပြီး ပစ္စည်းရောင်းတာအလှူခံတာတွေ မလုပ်ဖို့ All in One Piece Movement က မေတ္တာရပ်ခံလိုက်ပါတယ်။

“Proof Of Life အသုံးအနှုန်းသည် အမေဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း ခိုင်မာသော သက်သေအထောက်အထားရရှိနိုင်ရေးအတွက် တောင်းဆိုခြင်းဖြစ်ပါသည်။ ၎င်းသည် အမှတ်တံဆိပ်တစ်ခု မဟုတ်ပါ။ Proof Of Life နှင့်ပတ်သက်၍ မည်သည့်ပစ္စည်းမှ ရောင်းချခြင်း ၊ အလှူငွေရှာဖွေခြင်းတို့ကို လုပ်ဆောင်နေခြင်းမရှိပါ။ အမေ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြနိုင်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးခြင်းဖြင့် ကူညီစေလိုပါသည်” လို့ မေတ္တာရပ်ခံထားပါတယ်။

ဒါကြောင့် Proof Of Life အသုံးအနှုန်းကို မှန်မှန်ကန်ကန် အသုံးပြုကြဖို့နဲ့ ငွေကြေးတစ်စုံတစ်ရာ ပတ်သက်ခြင်းမရှိရင် အသုံးပြုနိုင်တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ အတွက် Proof Of Life ကမ်ပိန်းကို သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း ဦးဆောင်ပြီး တောင်းဆိုနေကြတာပါ။

ဒီကမ်ပိန်းကို ဧပြီ တတိယပတ်မှာ စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေက Proof Of Life ကမ်ပိန်း အနေနဲ့ လှုပ်ရှားမှူတွေပြုလုပ်ကာ တောင်းဆိုနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်း အတည်ပြုတဲ့ တုန့်ပြန်ချက်တစ်စုံတစ်ရာ မပြသသေးပါဘူး။

ဧပြီ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းကြောင်း ဓာတ်ပုံတစ်ပုံနဲ့ထုတ်ပြခဲ့ပေမယ့် ဒီဓာတ်ပုံက ဘယ်အချိန်က ရိုက်ကူးထားတယ်ဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။