Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်ကနည်းမျိုးစုံသုံး အင်အားပို့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

(ကချင်ပြည်နယ်က ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အားပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Screen Grab)

‌ဇွန်-၁၀၊၂၀၂၆။စိုင်းနော်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

မိုးမိတ်မြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့တွေကိုဖြတ်ပြီး ကချင်ပြည်နယ် ရွှေကူနဲ့ဗန်းမော်မြို့အထိရောက်တဲ့ ကားလမ်းပိုင်းရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းအလုပ်သမားနဲ့ ခရီးသွားဟန်ဆောင်ပြီး ခရီးသည်တင်ကားတွေနဲ့ လိုက်ပါနေတာလို့ ရွှေကူဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

” လမ်းခရီး ထိန်းချုပ်ဧရိယာတွေမှာ KIAနဲ့ KPDF က စစ်တယ်။ မိတာတွေမိတယ်။ လွတ်သွားတာတွေလည်းရှိတယ်။ အဓိကကတော့ လမ်းပိုင်းကို အသုံးပြုပြီး စစ်တပ်က အင်အားဖြည့်နေတယ်”လို့ အဲ့ဒီသီတင်း ရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မေလမှာ မိုးကောင်း- မြစ်ကြီးနား လမ်းပိုင်းကနေလည်း ကားအစီးရေ ၁၀၀ကျော် အင်အားဖြည့်တင်းခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းတွေကိုပါ နည်းမျိုးစုံသုံးပြီး ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ရွှေကူမြို့နယ်အနီး စစ်ရေးတင်းမာနေပါတယ်။

KIAက ဇွန်လ ၈ ရက်စပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ဒေသခံတွေ မြို့ကထွက်ခွာတိမ်းရှောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့အကူအညီနဲ့ စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်တပ်စစ်ကြောင်းတွေဝင်လာပြီးတပ်စွဲထားပါတယ်။

” မိုးမိတ်မှာ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေရောက်နေတာ။ အဲ့ဒီကနေတဆင့် လက်ရှိစစ်ရေးတင်းမာနေတဲ့နေရာတွေကို အင်အားဖြည့်နေတယ်။ မိုးမိတ်မြို့မှာတော့လက်ရှိ ပုံမှန်အခြေအနေဖြစ်နေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ ၂၃ရက်ညပိုင်းမှာ ကချင်၊ကယား၊ကရင်၊ချင်း၊ရခိုင်နဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့က မြို့ပေါင်း ၆၀ကို ရက် ၉၀ကြာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်ထဲမှာ မိုးမိတ်မြို့နဲ့အတူ လက်ရှ်ိစစ်ရေးတင်းမာနေတဲ့ရွှေကူ မြို့လည်းပါဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။